နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးမကောင်းဟု သတင်းထွက်နေသော်လည်း ထိပ်တန်းကော်မတီအစည်းအဝေးသို့ ကင်ဂျုံအန် တက်ရောက်

ပြုံယမ်း    ဩဂုတ်    ၂၆


နိုင်ငံတကာသတင်းမီဒီယာများတွင် ကင်ဂျုံအန် ကျန်းမာရေးမကောင်းဖြစ်နေသည်ဆိုသော သတင်းများ ဖော်ပြခဲ့ပြီးနောက် ထိပ်တန်းကော်မတီအစည်းအဝေးတစ်ရပ်သို့ ကင်ဂျုံအန် တက်ရောက်ခဲ့သည့် ဓာတ်ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ကင်ဂျုံအန်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖိအားသက်သာစေရန်အတွက် ညီမဖြစ်သူ ကင်ယိုဂျုံကို လုပ်ပိုင်ခွင့်အချို့ လွှဲပေးထားသည်ဟု တောင်ကိုရီးယားသူလျှိုအေဂျင်စီက ဖော်ပြခဲ့သည်။ 


ကွယ်လွန်သွားခဲ့သည့် တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေဂျန်၏ လက်ထောက်အရာရှိဟောင်းက ကင်ဂျုံအန်မှာ ကိုမာဖြစ်နေသည်ဟု ယူဆမိကြောင်း ဖေ့ဘွတ်ခ်ပေါ်တွင် ရေးသားခဲ့သည်။ သို့သော် အဆိုပါ ပြောကြားချက်ကို ထောက်ခံပေးနိုင်မည့် သက်သေအထောက်အထား မရှိပေ။ ကင်ဂျုံအန်မှာ ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပခဲ့သည့် မြောက်ကိုရီးယားအလုပ်သမားပါတီ၏ ထိပ်တန်းကော်မတီ အစည်းအဝေးကို ကြီးကြပ် ကွပ်ကဲခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ခြေကို စစ်ဆေးနေသည့် အရေးပေါ်လုပ်ငန်းများ လိုအပ်ချက် ရှိ၊ မရှိ ချင့်ချိန်သုံးသပ်ကာ ယခုရက်သတ္တပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်တိုက်ခတ်မည့် တိုင်ဖွန်း မုန်တိုင်း ဘာဗီကြောင့် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုမဖြစ်အောင် ကာကွယ်တားဆီးရေး အရေးပေါ်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။                                               


KNT






အခြားဆက်စပ်သတင်းများ