နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီရဲ့လာမာစီယာအကယ်ဒမီထွက် အန်ဆူဖာတီကို မန်ယူခေါ်ဖို့ကြိုးစားနေ

  ဩဂုတ်  ၂၆


မန်ယူအသင်းဟာ လူငယ်ကစားသမားတွေခေါ်ယူဖို့ တကယ့်ကိုစိတ်အားပြင်းပြနေပါတယ်။ ဒေါ့မွန်က ဆန်ချိုကိုတော့အရမခေါ်ယူနိုင်သေးပါဘူး။ ယခုနောက်ထပ် လူငယ်ခြေတက်ကစားသမားလေးဖြစ်တဲ့ အန်ဆူဖာတီကို ခေါ်ယူဖို့ထပ်မံကြိုးစားနေပြန်ပါတယ်။


အန်ဆူဖာတီဟာ ဘာစီရဲ့လူငယ်တိုက်စစ်ကစားသမားဖြစ်ပါတယ်။ ဖာတီဟာ ဘာစီရဲ့လာမာစီယာ အကယ်ဒမီထွက်လူငယ်ကစားသမားတစ်ဦးပါ။ ဖာတီကိုအရခေါ်ဖို့ မန်ယူအမှုဆောင်ချုပ်အက်ဝက်ဒ်ဝုဒ် ကိုယ်တိုင်ပစ်မှတ်ထားခေါ်ချင်နေတာပါ။ ကစားသမားရဲ့စာချုပ်ပါလျော်ကြေးအတိုင်းကမ်းလှမ်းနိုင်တယ်လို့ စပိန်သတင်းစာတွေကဖော်ပြထားပါတယ်။


ဖာတီဟာ အသက် ၁၇ နှစ်သာရှိသေးပြီး ဒီရာသီအစမှာကတည်းက အသင်းအတွက် ခြေစွမ်းပြကစားခဲ့တာကြောင့် စပိန်လက်ရွေးစင်အတွက်ပါ ရွေးချယ်ခံထားရပါတယ်။ ဘာစီကတော့ သူတို့ရဲ့လူငယ်ကလေးကို မရောင်းဘူးလို့ဆိုထားပါတယ်။ ဒါပေမယ့် ဖာတီက သူ့ရဲ့အေးဂျင့်အပြောင်းအလဲလုပ်သလို ဘာစီဟာလည်း နည်းပြအပြောင်းအလဲရှိတာကြောင့် ဘာစီမှာ ဖာတီရဲ့အနာဂတ်ကသေချာမှုမရှိသေးပါ။


ဖာတီရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၁၅၃ သန်းဖြစ်တာ ကြောင့် ဆန်ချိုထက်ကြေးမြင့်နေပါတယ်။ ဆန်ချိုရဲ့ လုပ်ခလစာထက်တော့နည်းပါတယ်။ မန်ယူတို့ နောက်ထပ်ကမ်းလှမ်းမှုတွေလုပ်သွားနိုင်တယ်လို့ စပိန်ကမီဒီယာတွေကတော့ဖော်ပြနေခဲ့ကြပါတယ်။



(SO)






အခြားဆက်စပ်သတင်းများ