နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတက္ကသိုလ်က ပုံရိပ်ယောင်နည်းပညာဖြင့် ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့ချီးမြှင့်

နယူးဒေလီ    ဩဂုတ်    ၂၆


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြုံတွေ့နေချိန်တွင် ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များ၌ အစဉ်အလာအတိုင်း ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပနိုင်ခြင်းမရှိသေးသော်လည်း အိန္ဒိယတက္ကသိုလ်တစ်ခုက တီထွင်ဆန်းသစ်သည့် နည်းလမ်းဖြင့် ကျောင်းသားများကို ဘွဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ဘုံဘေမြို့ အိန္ဒိယ နည်းပညာသိပ္ပံ(IIT) က ပုံရိပ်ယောင်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခဲ့သည်။


ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော်၏ ပုံရိပ်များကို ဗီဒီယိုဇာတ်ရုပ်များ ဖန်တီးပြီး IIT ဒါရိုက်တာ ချောက်ဒူရီပုံစံ ဖန်တီးထားသည့် ဗီဒီယိုဇာတ်ရုပ်က ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို ဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပုံရိပ်ယောင်ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒေသခံရုပ်သံလိုင်း ၂ လိုင်းတွင် ပြသခဲ့ပြီး YouTube နှင့် Facebook တို့တွင်လည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း အိန္ဒိယအစိုးရ၏ သတင်းအချက်အလက်ဗျူရိုက ထုတ်ပြန်ကြေညာခဲ့သည်။ 


အိန္ဒိယနည်းပညာသိပ္ပံ(IIT)မှာ အိန္ဒိယနိုင်ငံတွင် ဂုဏ်သတင်းအကျော်ကြားဆုံး နည်းပညာ တက္ကသိုလ်တစ်ခုဖြစ်ပြီး နည်းပညာလောက၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂူဂဲလ်ကုမ္ပဏီအမှုဆောင်ချုပ် ဆန်ဒါပီချိုင်းကဲ့သို့ ဆီလီကွန်တောင်ကြား၏ နာမည်ကျော်ပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။                


KNT






အခြားဆက်စပ်သတင်းများ