နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိကတိုက်တွင် ပိုလီယိုရောဂါ ကင်းစင်ပြီဟု ကြေညာ

အဘူဂျာ    ဩဂုတ်    ၂၆


အာဖရိကတိုက်တွင် ပိုလီယိုရောဂါကင်းစင်ပြီဖြစ်ကြောင်း အာဖရိကဒေသတွင်းအသိအမှတ်ပြုလက် မှတ်ထုတ်ပေးသည့် ကော်မရှင်က ကြေညာခဲ့သည်။ ပိုလီယိုရောဂါမှာ ပုံမှန်အားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်ရပ်များတွင် သေရာပါ အကြောသေသည့် ဝေဒနာခံစားရလေ့ရှိသည်။ အသက်ရှူခြင်းနှင့်ဆိုင်သည့် ကြွက်သားများ ထိခိုက်ပါက အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်သည်။ လွန်ခဲ့သည့် ၃၅ နှစ်တွင် အာဖရိကရှိ ကလေးငယ်ထောင်ပေါင်းများစွာမှာ ပိုလီယိုရောဂါကြောင့် အကြောသေခဲ့ရသည်။ လက်ရှိအချိန်တွင် ပိုလီယိုရောဂါကို အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင်သာ တွေ့ရသည်။ ပိုလီယိုရောဂါမှာ ကုရာနတ္တိဖြစ်သော်လည်း ပိုလီယိုရောဂါကာကွယ်ဆေးမှာ ကလေးငယ်များကို ဘဝတစ်သက်တာ ကာကွယ်ပေးနိုင်စွမ်းရှိသည်။


နိုင်ဂျီးရီးယားနိုင်ငံမှာ အာဖရိကနိုင်ငံများအနက် ပိုလီယိုကင်းစင်ကြောင်း နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ပိုလီယိုရောဂါဖြစ်ပွားမှု၏ တစ်ဝက်ကျော်မှာ နိုင်ဂျီး ရီးယားနိုင်ငံမှဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုတွင် လက်နက်ကိုင်အကြမ်းဖက်မှု အန္တရာယ်ရှိသည့် ဝေးလံခေါင်ဖျားနေရာများအထိ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ အချို့ဖြစ်ရပ်များတွင် ကျန်းမာရေးဝန်ထမ်းအချို့ အသတ်ခံခဲ့ရသည်။ လက်ရှိအချိန်တွင် အာဖရိကတိုက်၏ လူဦးရေ ၉၅ ရာခိုင်နှုန်းကို ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသည့် ပိုလီယိုရောဂါ ကင်းစင်သွားပြီဖြစ်သည်။ သို့သော် ယခုနှစ်အတွင်း အာဖရိကတိုက်တွင် ဆေးထိုးမှားရာမှ ဖြစ်ပွားသည့် ပိုလီယိုရောဂါ ခံစားရသူ ၁၁၇ ဦး ရှိသည်ဟု ဆိုသည်။                                                                           


KNT






အခြားဆက်စပ်သတင်းများ