နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွာရန်တင်းစည်းမျဉ်းကို ချိုးဖောက်၍ သြစတြေးလျအမျိုးသမီးကို ထောင်ဒဏ် ၆ လ ချမှတ်

ဆစ်ဒနီ    ဩဂုတ်    ၂၆


ကိုရိုနာဗိုင်းရပ်စ် အသွားအလာ ကန့်သတ်ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် သြစတြေးလျနိုင်ငံတွင် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ အသက် ၂၈ နှစ်ရှိသည့် အက်ရှာမှာ ကိုဗစ်-၁၉ ရောဂါဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် ဗစ်တိုးရီးယားပြည်နယ်တွင် တစ်လကြာ နေထိုင်ခဲ့သူဖြစ်သည်။ အက်ရှာကို ယင်း၏နေရပ်ဖြစ်သည့် အနောက်ပိုင်းသြစတြေးလျပြည်နယ်၊ ပါ့သ်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်ခွင့်ပြုခဲ့သော်လည်း ကိုယ့်စရိတ်ဖြင့်ကိုယ် ဟိုတယ်တွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူစေခဲ့သည်။ သို့သော် အက်ရှာက အနောက်ပိုင်းသြစတြေးလျပြည်နယ်သို့ ထရပ်ကားတစ်စီးဖြင့် ပုန်းလျှိုးကွယ်လျှိုး ရောက်ရှိလာခဲ့ပြီး ယင်းချစ်သူ၏နေအိမ်တွင် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းကို ဖမ်းမိခဲ့သည်။ 


အနောက်ပိုင်းသြစတြေးလျပြည်နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု စည်းမျဉ်းများကို ချိုးဖောက်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လ သို့မဟုတ် သြစတြေးလျဒေါ်လာ ၅၀၀၀၀ အထိ ချမှတ်နိုင်သည်။ အက်ရှာမှာ ယင်းချစ်သူ၏နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခံယူခဲ့ပြီး အခြားမည်သူနှင့်မျှ ထိတွေ့မှုမရှိခဲ့ကြောင်း ယင်း၏ရှေ့နေက ပြောသည်။ သို့သော် အက်ရှာက မရိုးမသား၊ လှည့်စားခဲ့ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ပေးရန် ရဲအရာရှိက တိုက်တွန်းခဲ့သည်။ အက်ရှာမှာ ရောဂါကူးစက်ပြန့်ပွားမှုဖြစ်စေနိုင် လောက်သည့် အလွန်ပြင်းထန်သည့်အမှုကို ကျူးလွန်ခဲ့ကြောင်း ရာဇဝတ်တရားရုံးမှ တရားသူကြီး မက်သရူးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ သြစတြေးလျနိုင်ငံတွင် အသွားအလာကန့်သတ်မှု စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ အနည်းဆုံး ၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။                        


KNT






အခြားဆက်စပ်သတင်းများ