နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်မြူနတီဒိုင်း (၁၅) ကြိမ်စီရထားတဲ့နှစ်သင်းရဲ့ စီးချင်းတိုက်ပွဲ

  ဩဂုတ်  ၂၆


အာဆင်နယ်လ်ဟာပြီးခဲ့တဲ့ရာသီမှာ အောင်မြင်မှုမရခဲ့ဘူးလို့ပြောလို့လည်းမရပါဘူး ဘာကြောင့်လဲ ဆိုတော့ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့လို့ပါ။ မန်ယူတို့ ချဲလ်ဆီးတို့လို ဖလားလက်မဲ့အသင်းမဟုတ်ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ဇယားမှာတော့ အဆင့် ၈ သာရခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော် ခဲ့ရပါတယ်။


အာဆင်နယ်လ်ဟာ ဆီမီးမှာ  မန်စီးတီးနဲ့ဗိုလ်လုပွဲမှာ ချယ်လ်ဆီးတို့ကိုနောက်ကောက်ချကာ အက်ဖ်အေဖလားဗိုလ်စွဲခဲ့တာပါ။ အနိုင်ဂိုးတွေကို အူဘာမီယန်းတစ်ဦးတည်းကသွင်းခဲ့တာပါ။ ဒါပေမယ့် အူဘာမီယန်း လီဗာပူးလ်ကို ဂိုးမသွင်းနိုင်သေးပါ။ အာဆင်နယ်လ်ဟာ ကွန်မြူနတီဒိုင်းနောက်ဆုံး (၈) ကြိမ်မှာ ၂၀၀၅ တစ်ကြိမ်ကလွဲရင် ကျန် (၇) ကြိမ်စလုံးဗိုလ်စွဲခဲ့တာပါ။ ဒီရာသီဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ နှစ်ပွဲစလုံး အာဆင်နယ်လ်အနိုင်ရခဲ့ပါတယ်။


လီဗာပူးလ်ကတော့ အမှတ်ပေးချန်ပီယံဆုကို နှစ် ၃၀ အကြာမှ ပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းပါ။ ၂၀၁၈-၁၉ ရာသီမှာ ကွန်မြူနတီဖလားကို မန်စီးတီးနဲ့ကစားခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ မန်စီးတီး ဗိုလ်စွဲသွားပါတယ်။ ခုအကြိမ်မှာတော့ လီဗာပူးလ်တို့ အာဆင်နယ်လ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးလ်ရော၊ အာဆင်နယ်လ်ပါ ဒီကွန်မြူနတီ ဖလားကို (၁၅) ကြိမ်စီရယူထားခဲ့ပါတယ်။


လီဗာပူးလ်က ၂၀၀၆ က နောက်ဆုံးရခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးကိုသာ ဦးစားပေး ကစားခဲ့ပြီး ကျန်ပြည်တွင်းဖလားတွေကို အားစိုက်မကစားခဲ့ပါဘူး။  လူငယ်တွေကို အခွင့်အရေးပေး ကစားစေခဲ့ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်၊ လိဂ်ဖလားမှာ ကွာတားအထိသာ ရောက်ခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲစလုံးနိုင်ပွဲမရခဲ့ပါဘူး။ ၂၀၁၂ နဲ့ ၂၀၁၆ အက်ဖ်အေဖလားဗိုလ်လုပွဲတွေမှာလည်း ရှုံးပွဲတွေကြုံခဲ့ပါတယ်။


အာဆင်နယ်လ်ဟာ ခြေစမ်းပွဲတွေမကစားထားပါဘူး။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၂ ရက်မှသာ လေ့ကျင့်ခန်းအစီအစဉ်များ စတင်ခဲ့တာပါ။ ဒါကြောင့် စုစည်းလေ့ကျင့်မှုက တစ်ပတ်လောက်ပဲရပါတယ်။ နွေဈေးကွက်မှာလည်းပြင်ဆင်မှုအားနည်းပါတယ်။  ချဲလ်ဆီးက တောင်ပံကစားသမားတစ်ဦးသာ အားဖြည့်တာ တွေ့ရပါတယ်။


လီဗာပူးလ်ကတော့ ဩစတြီးယားမှာ လေ့ကျင့်မှုတွေဆင်း၊ ခြေစမ်းပွဲခြေကစားရင်းအသင်းကို ပြင်ဆင်ထားပါတယ်။ အာဆင်နယ်လ်ကတော့ တစ်ပွဲတိုးကစားရာမှာ ကျွမ်းကျင်တဲ့အသင်းပါ။ လီဗာပူးလ်က အဓိကလူစားနဲ့ပဲယှဉ်ပြိုင်မှာပါ။ ကွန်မြူနတီဒိုင်းကို ပိုင်ဆိုင်မှုအကြိမ်တူညီဒီနှစ်သင်းစီးချင်းထိုးပွဲကိုတော့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။                                                                                                         


  (SO)






အခြားဆက်စပ်သတင်းများ