နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာနည်းပြသစ်ကိုးမန်းရဲ့ အသင်းပြုပြင်ပြောင်းလဲမှုစပါပြီ

  ဩဂုတ်  ၂၆


ဘာစီရဲ့ နည်းပြသစ်ရော်နယ်လ်ကိုးမန်းဟာ အသင်းကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပထမဆုံးကစားသမား လေးဦးကို အသင်းသစ်ရှာဖွေထားကြဖို့ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ အသင်းကို အများကြီးပြုပြင် ပြောင်းလဲမယ်ဆိုရင်တော့ ရှိရင်းစွဲအသင်းသားတွေထဲကအချို့ကို ရောင်းချဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်။  ဘာစီရဲ့အသင်းခေါင်းဆောင် မက်ဆီကိုတော့ ဆက်လက်ထိန်းသိမ်းထားဖို့ ကိုးမန်းကြိုးစားနေရပါတယ်။


တစ်ဖက်မှာလည်း မလိုအပ်တဲ့ကစားသမားတွေရှင်းထုတ်ရမှာဖြစ်ပါတယ်။ ကိုးမန်းပထမဆုံး ရှင်းထုတ်မယ့် ကစားသမားလေးဦးက ဆွာရက်ဇ်၊ ရာကီတစ်၊ ဗီဒယ်နဲ့ အမ်တီတီတို့ပဲဖြစ်ပါတယ်။ လူးဝစ္စ ဆွာရက်ဇ်ဟာ ဘာဆီမှာ ပြီးခဲ့တဲ့ခြောက်နှစ်ကတည်းက ခြေစွမ်းပြလာသူဖြစ်ပြီး တစ်ရာသီကိုအနည်းဆုံး ၂၁ ဂိုးနဲ့ အထက်ဂိုးသွင်းခဲ့သူပါ။


မက်ဆီနဲ့လည်း  အတွဲညီညီကစားနေသူပါ။ ဒါပေမယ့် ကိုးမန်းက သူ့ရဲ့ စီမံကိန်းမှာ ဆွာရက်ဇ်မလိုအပ်ဘူးလို့ဆိုပါတယ်။ ကျန်သုံးဦးကတော့အသင်းမှာ ပုံမှန်ကစားရဖို့တောင် ရုန်းကန်နေကြရပါတယ်။ ဒါကြောင့်လည်း ကိုးမန်းကပြတ်သားစွာနဲ့ အသင်းသစ်ရှာဖွေဖို့ပြောခဲ့တာပါ။


(SO)






အခြားဆက်စပ်သတင်းများ