နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung က One UI 2.5 Update ရရှိမည့် ဖုန်းများစာရင်းကို ကြေညာ

ဩဂုတ်  ၂၅


Samsung က One UI 2.5 Update ရရှိမည့် စမတ်ဖုန်းများစာရင်းကို ထုတ်ပြန်လာသည်။ Samsung က ၂၀၁၈ ခုနှစ်တွင် Android Pie အခြေပြု One UI ဗားရှင်းကို စတင်သုံးခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို စနစ်သစ်များထည့်သွင်းကာ ပိုကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်လာခဲ့သည်။ အသစ်ဖန်တီး ထားသည့် One UI 2.5 မှာလည်း စနစ်သစ်များ ပါဝင်နေသည်။


One UI 2.5 Update ရရှိလာမည့် စမတ်ဖုန်းများမှာ Galaxy S20 Ultra 5G ၊ Galaxy S20 Ultra ၊ Galaxy S20+ 5G ၊ Galaxy S20 5G ၊ Galaxy S20 ၊ Galaxy S10 5G ၊ Galaxy S10+ ၊ Galaxy S10 ၊ Galaxy S10e ၊ Galaxy S10 Lite ၊ Galaxy S9+ ၊ Galaxy S9 ၊ Galaxy Note 10+ 5G ၊ Galaxy Note 10+ ၊ Galaxy Note 10 5G ၊ Galaxy Note 10 ၊ Galaxy Note 10 Lite ၊ Galaxy Z Flip 5G ၊ Galaxy Z Flip ၊ Galaxy Fold 5G နှင့် Galaxy Fold တို့ဖြစ်သည်။


One UI 2.5 မှာ ကင်မရာပိုင်းအနေဖြင့် Pro Video Mode ၊ 8K@24fps ဗီဒီယိုရိုက်ကူးမှုစနစ်၊ 21:9 Cinematic Aspect Ratio ဗီဒီယိုရိုက်ကူးရေးစနစ်တို့ ပါဝင်သည်။ ထို့အပြင် Reminder စနစ်မှာ တွေ့ဆုံမည့်နေရာ၊ တွေ့ဆုံမည့်အချိန်၊ တွေ့ဆုံမည့်အကြောင်းအရာတို့ကို ထည့်သွင်းနိုင်အောင် လုပ်ဆောင်နိုင်သည်။ အနီးရှိ Galaxy ဖုန်းများသို့ WiFi Password Share နိုင်သည့် စနစ်နှင့် Samsung Notes ကိုလည်း ပိုမိုအသုံးတည့်သည်ထက်တည့်အောင် လုပ်ဆောင်ထားသည်။ 

       

(သူရိန်)






အခြားဆက်စပ်သတင်းများ