နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ပေးလျက်ရှိ

ရန်ကုန် ဧပြီ ၂၁ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အဓိကအရေးပါသော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ပေးမှုများကို ဆင့်ပွားတိုးချဲ့ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းလုပ်ငန်းက သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေသကဲ့သို့ MPT အနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိနေရာဒေသအသီးသီးတွင် အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာများနှင့် ဝန်ဆောင်မှုများကိုပေးအပ်ခြင်းနှင့် အများပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆင့်ပွားတိုးချဲ့ လုပ်ဆောင် လျက်ရှိကြောင်း MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောသည်။ ထိုသို့ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆောင်ရွက်ရာတွင် အသွားအလာ ကန့်သတ်ထားသူများအတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ်များပေးအပ်ခြင်း၊ သတင်းဌာနဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြုစင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဥ်ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စောင့်ကြည့်လူနာများထားရှိရာ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော စင်တာများသို့ ဖိုင်ဘာအင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှု ပေးအပ်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆင်လက်ပြောသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော နေရာများ၊ ဆေးရုံများ၊ ကုသမှု စင်တာများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများသို့ FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု ၄၀ ခု အထိ တိုးချဲ့ကာ ပံ့ပိုးဆောင်ရွက်ထားပြီး PSTN အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုကို ရခိုင်ပြည်နယ်အတွင်းရှိ နေရာ ၁၆ ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာ ၂ ခုနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဖောင်ကြီး ကုသရေးစင်တာတို့တွင် ဖိုင်ဘာစနစ်သုံး (Fax အသုံးပြုနိုင်သည့်) အော်တိုတယ်လီဖုန်း လိုင်း ၄ လိုင်းတို့ကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အများပြည်များအနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးစင်တာများနှင့် ဌာနများရှိ နံပါတ်များသို့ ဖုန်းခေါ်ဆိုရာတွင် အခပေးရန် မလိုသည့်(toll-free call)ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက်ပြီးရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် များရှိ စောင့်ကြည့်လူနာများထားရှိရာ အသွားအလာ ကန့်သတ် ဆောင်ရွက် ထားသော နေရာ(၆)ခုတွင် စောင့်ကြည့်လူနာများနှင့် တာဝန်ရှိသူများ သတင်းအချက်အလက် မျှဝေရန်နှင့် မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန် MPT ဆင်းမ်ကတ် ၁၅,၄၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ