နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
LG ကမိတ်ဆက်လိုက်သည့် LG Q92 5G

ဩဂုတ်  ၂၅


အလတ်တန်းစား 5G ဖုန်းများ မိတ်ဆက်နေသည့် LG က နောက်ထပ် 5G Mid-ranger တစ်လုံး ထပ်မံထွက်ရှိလာသည်။ LG Q92 5G သည် ယခင်ထွက်ထားသည့် LG Velvet 5G ထက် ဈေးပိုသက်သာသည့် ဗားရှင်းဖြစ်ပြီး Punch-hole ကင်မရာနှင့် ကျောဘက် Quad Cameras များ အသုံးပြုထားသည်။ အဆိုပါ ဖုန်းသည် ၆ ဒသမ ၆၇ လက်မ အကြီးစား display ဖြင့်ထွက်ရှိလာပြီး LG Velvet နှင့်မတူသည်က OLED panel အစား LCD display သုံးသွားသည်။


မှန်ပြင်အပေါ်ဘက်အလယ်ခေါင် punch-hole ထဲတွင် 32MP selfie ကင်မရာ ထည့်ထားပြီး မှန်ပြင်၏ အပေါ်နှင့်အောက်တွင် ပေါင်နည်းနည်းလေးပါနေသည်။ LG က အဆိုပါဖုန်းသည် အမေရိကန် ကာကွယ်ရေးဌာန၏ စစ်တပ်အဆင့် အကြမ်းခံမှု MIL-STD-810G အောင်ထားသည့်ဖုန်းဖြစ်ပြီး အပူချိန် ကျဆင်းမှု ၊ မြင့်တက်မှု ၊ လွတ်ကျမှုနှင့် စွတ်စိုထိုင်းမှိုင်းသည့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည်။ IP68 rating ပါရှိတာကြောင့် စမတ်ဖုန်းတစ်လုံး၏ အမြင့်ဆုံး ရေစိုခြင်းနှင့် ဖုန်တင်မှုဒဏ်ကို ခံနိုင်သည်။ ဘက်ထရီပါဝါ 4000mAh နှင့် 15W charging ပံ့ပိုးထားပြီး ဆော့ဖ်ဝဲလ်ပိုင်း တွင် Android 10 ကို အခြေခံထားသည့် LG UX 9 အသုံးပြုထားသည်။ LGg Q92 သည် Qualcomm ၏ Snapdragon 765G processor အသုံးပြုထားပြီး RAM 6GB/128GB storage ဗားရှင်းတစ်မျိုး ထွက်ရှိထားသည်။


အခြား features များစွာပါဝင်သည့်အတွက် သုံးစွဲသူများအကြိုက်တွေ့စေမည့်ဖုန်းတစ်လုံးဖြစ်သည်။ အဆိုပါဖုန်းကို တောင်ကိုရီးယားဈေးကွက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကိုရီးယား ဝမ် ၄၉၉၀၀၀ (မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။                      


(WP)






အခြားဆက်စပ်သတင်းများ