နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်ကြားရေး၀န်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန် ဧပြီ ၂၁ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)က ပြန်ကြားရေး၀န်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း ၆၀၀၀ ခုနှင့် ပိုးသတ်လက်ဆေးဆပ်ပြာရည်များကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ကုမ္ပဏီသည် မတ် ၂၄ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသို့ ပထမအသုတ်အနေဖြင့် နှာခေါင်းစည်း ၂၀၀၀ ခု ကိုလည်းကောင်း၊ ဧပြီ ၆ ရက်တွင် ဒုတိယအသုတ်အနေဖြင့် နှာခေါင်းစည်း ၂၀၀၀၀ ခု၊ ပိုးသတ်လက်ဆေးဆပ်ပြာရည် ၅၀၀ ဘူး၊ PPE ၀တ်စုံ အစုံ ၁၀၀၊ အဖျားတိုင်းကိရိယာ ၂၀ ခုကိုလည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် သတင်းအချက်အလက် နှီးနှောဖလှယ်မှုဆိုင်ရာ ပလက်ဖောင်းကို တည်ထောင်ကာ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်အတူ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက် များကို အချင်းချင်း နှီးနှောဖလှယ်လျက်ရှိပြီး ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဗဟုသုတများနှင့် အတွေ့အကြုံများကို မျှဝေ လျက်ရှိကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ