နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းခရီးသွားများရန်ကုန်ဝင်လျှင် Quarantine မဝင်ရ ရပ်ကွက်၊ ကျေးရွာကလက်မခံတာမျိုးရှိလျှင် အကူအညီတောင်းခံနိုင်ဟုဆို

ရန်ကုန် ဧပြီ ၂၁ ပြည်တွင်းခရီးသွားများအနေဖြင့် ရန်ကုန်မြို့အဝင်လမ်းများတွင် ကျန်းမာရေးစစ်ဆေးပြီးဖြစ်သည့်အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ပြန်လည်ရောက်ရှိလာလျှင် Quarantine ဆောင်ရွက်ရန် မလိုအပ်ကြောင်းကို ခရိုင်အလိုက် ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးသွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ပြည်သူများက လက်မခံနိုင်သည့် ပြဿနာများ ရှိလာခဲ့သည်။ ''အဲဒီအခြေအနေတွေကြောင့်ပဲ ဒီစာကိုထုတ်တာပါ။ အဲဒီပြဿနာတွေက တောက်လျှောက်ကြီးထွား လာတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒီညွှန်ကြားချက်အရ ထွေ/အုပ်ကနေ ပြန်လည်ထုတ်ပြန် လိုက်တာပါ'' ဟုလှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့အဝင် ၇ နေရာတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည့်အပြင် ယင်းတို့၏ ဓာတ်ပုံမှတ်တမ်းများကိုပါ တစ်ပါတည်းရယူဆောင်ရွက်လျက်ရှိသည့်အတွက် Quarantine ဆောင်ရွက်ရန် မလိုအပ်ကြောင်းကို အတိအလင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ညွှန်ကြားထားပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံကိုလည်း ဖြန့်ဝေပြီး ဖြစ်သည့်အတွက် ယင်းပြဿနာမျိုးနှင့် ထပ်မံကြုံတွေ့ရပါက လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှလူများကို အကူအညီတောင်းခံနိုင်သည်ဟုလည်း ဦးမြတ်မင်းသူက ပြောသည်။ အဆိုပါပြဿနာများသည် ရွှေ့ပြောင်းလုပ်သားများသောလှိုင်သာယာမြို့နယ်တွင် အများဆုံးဖြစ်ပွားလျက် ရှိခြင်းဖြစ်ပြီး ယခင်က နယ်မှပြန်လာသူများကို နေထိုင်ကြောင်းနှင့် ကျန်းမာရေးထောက်ခံချက်ရယူ၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ