ဩဂုတ် ၂၅
ဂျာမန်ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG အသင်းကို ၁:၀ ရလဒ်နဲ့ ချန်ပီယံလိဂ် ဖလားကိုအရယူနိုင်ခဲ့ပါတယ်။ ဒီချန်ပီယံလိဂ်ဖလားဟာ ဘိုင်ယန်တို့အတွက် ဒီရာသီမှာ (၃)လုံးမြောက် ဖလားပဲဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားအရင် ရှုံးထွက်ဖလား၊ အမှတ်ပေးဖလားတွေရယူခဲ့ပြီးဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ ၂၀၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲလုံးဝမရှိပွဲစဉ်အားလုံးအနိုင်ကစားပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒီဖလားဟာဘိုင်ယန်အတွက် ချန်ပီယံလိဂ်ဖလား (၆) ကြိမ်မြောက်ဗိုလ်စွဲခဲ့တာပါ။
ဒါကြောင့် လီဗာပူးလ်နဲ့အကြိမ်ရေတူခဲ့ပါပြီ။ ဘိုင်ယန်အတွက် ကိုးမန်းသွင်းယူခဲ့တဲ့ဂိုးကတော့ ဘိုင်ယန်တို့အတွက် ချန်ပီယံလိဂ် ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ဂိုးပါ။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ရီးရဲလ်၊ ဘာစီလိုနာတို့ပြီးရင် တတိယမြောက် ဂိုး ၅၀၀ ပြည့်ခဲ့တဲ့အသင်းပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိတဲ့စံချိန်ကောင်းရခဲ့တာအပြင် ၁၁ ပွဲကစားပြီး ၄၃ ဂိုးရ၊ ၈ ဂိုးပေးခဲ့တာကြောင့် အကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တစ်ရာသီအတွင်းဖလား(၃)လုံးကို နှစ်ကြိမ်ဆက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို ဘိုင်ယန်တို့ကလည်း တစ်ရာသီအတွင်းဖလား(၃)လုံးကို ဒုတိယအကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
(SO)