ဩဂုတ် ၂၅
ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းမှာကစားစဉ်က ခြေစွမ်းပြခဲ့တာကြောင့် ဘာစီလိုနာတို့ဈေးကြီးပေးကာ လီဗာပူးလ်ထံကနေ ကော်တင်ဟိုကိုဝယ်ခဲ့ပါတယ်။ အဲဒီလိုခေါ်ယူစဉ်ကတည်းက စာချုပ်ထဲမှာ ဘာစီလိုနာနဲ့အတူ ကော်တင်ဟို ချန်ပီယံလိဂ်ဖလားရခဲ့ပါက ဆုကြေးငွေ ပေါင် ၅ သန်းပေးချေပါ့မယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ကော်တင်ဟိုကိုခေါ်ယူခဲ့ပေမယ့် အသင်းမှာခြေစွမ်းမပြနိုင်တာကြောင့် ဂျာမန်အသင်း ဘိုင်ယန်မြူးနစ်ထံ အငှားနဲ့ပြောင်းရွှေ့ကစားစေခဲ့ပါတယ်။ ခုလို ဘာစီက ဘိုင်ယန်ထံ ကော်တင်ဟိုကို အငှားချတာ အစပိုင်းမှာကောင်းခဲ့ပေမယ့် ကော်တင်ဟိုဟာ ဘိုင်ယန်နဲ့အတူခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘာစီနဲ့ ဘိုင်ယန်တို့တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ ၈-၂ ရလဒ်နဲ့အတူ ဘာစီတို့အရှုံးကြီးရှုံးခဲ့ပါတယ်။
ဒီထက်ပိုရှုံးတာ ကတော့ ဘိုင်ယန်ထံ ဘာစီတို့အငှားချထားတဲ့ ကော်တင်ဟိုက ဒီပွဲမှာ ဂိုး ၂ ဂိုးသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ကိုယ့်အသင်းကို ပြန်ဒုက္ခပေးမယ့် ကော်တင်ဟိုကို ဘိုင်ယန်ထံအငှားချမိတဲ့ ဘာစီတို့ အခံရခက်နေမှာပါ။ ဘိုင်ယန်တို့ဟာ ဘာစီကို အနိုင်ယူရုံနဲ့ အဆုံးမသတ်သေးဘဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ရှိခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG တို့နဲ့တွေ့ဆုံခဲ့ပြီး ဘိုင်ယန်တို့က ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ ဘိုင်ယန်တို့ ချန်ပီယံဖြစ်ခဲ့တာအတွက် ကံကောင်းတယ်လို့ပြောရမှာပါ။ ကံမကောင်းတာက ဘာစီလိုနာအသင်းပါ။ ဘိုင်ယန်နဲ့အတူ ကွင်းလယ် ကစားသမား ကော်တင်ဟိုလည်း ချန်ပီယံလိဂ်ဖလားရယူခဲ့နိုင်တာကြောင့် ကော်တင်ဟိုကို လီဗာပူးလ်ထံက ခေါ်ယူစဉ်က ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ဘာစီလိုနာတို့ လီဗာပူးလ်ကို ပေါင် ၅ သန်းပေးချေရန် မလိုတော့ဘူးဆိုရမှာဖြစ်ပါတယ်။
(SO)