နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ဆိုင်းထားတဲ့ ပဲရစ်မာရသွန်အပြေးပြိုင်ပွဲဖျက်သိမ်းရန်ဆုံးဖြတ်

  ဩဂုတ်  ၂၅


၂၀၂၀ ပြည့်နှစ်လာမယ့် နိုဝင်ဘာလ ၁၅ ရက်မှာ ပြောင်းရွှေ့ကျင်းပဖို့စီစဉ်ထားတဲ့ ပဲရစ်မာရသွန် အပြေးပြိုင်ပွဲကို မကျင်းပဖြစ်တော့ဘဲ ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ ပဲရစ်မာရသွန်အပြေးပြိုင်ပွဲကို မူလက ဧပြီ ၅ ရက်တွင် ကျင်းပရန်ဖြစ်ပေမယ့် COVID-19 ကပ်ရောဂါကြောင့် နိုဝင်ဘာလ ၁၅ ရက်ကို             ပြောင်းရွှေ့ကျင်းပရန်ဆုံးဖြတ်ခဲ့ကြပါတယ်။


ဒါပေမယ့် လက်ရှိအနေအထားအရ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနဲ့ အားကစားသမားများအတွက် ခက်ခဲမှုများရှိနေတာကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းရန်စီစဉ်လိုက်ရခြင်းဖြစ်ကြောင်းသိရပါတယ်။ “အချိန်ယူပြီး လေ့ကျင့်ထားခဲ့သူတွေအတွက် အရမ်းကိုစိတ်ပျက်စရာဖြစ်ပါလိမ့်မယ်။ မာရသွန်ပြိုင်ပွဲကို  ဆောင်းဦးရာသီမှာ ကျင်းပဖို့ရွှေ့ပြောင်းခဲ့တာပါ။ ဒါပေမယ့် ဒီပြိုင်ပွဲကိုကျင်းပို့မဖြစ်နိုင်တော့ပါဘူး၊ ကျွန်တော်တို့က ဒီပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပနိုင်ဖို့အတွက် ပဲရစ်မြို့တော်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပါတယ်။                     


 (SO)






အခြားဆက်စပ်သတင်းများ