နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချဉ်အရသာရှိသော အစားအစာများက COVID-19 ကိုကာကွယ်ပေးနိုင်

ဩဂုတ်    ၂၅


“ချဉ်တယ်၊ချဉ်လိုက်တာ”ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက်၊ လူအများစု၏ ခံတွင်းထဲမှာသူ့အလို အလျောက် တံတွေးအနည်းငယ်ထွက်တတ်ကြသလို၊ မျက်စိမှိတ်တုတ်မှိတ်တုတ်ဖြစ်လာလေ့ရှိပါတယ်။ အချဉ်အရသာကိုဆေးသိပ္ပံနည်းအရ သရုပ်ဖော်ကြည့်မည်ဆိုပါက solid (ခေါ်) အစိုင်အခဲဓာတ်နှင့် fire (ခေါ်)အပူဒြပ်စင်တို့ ပေါင်းစပ်ထားကြပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် အချဉ်ဓာတ်ဟာမြေကြီးဒြပ်စင်တစ်မျိုးပါပဲ။

အချဉ်အရသာမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ

အချဉ်ဓာတ်ဟာကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားရုံသာမက၊ အသည်းနှင့်ဆီးအိမ်ကိုကျန်းမာစေတဲ့ အပြင်၊ မိမိစားသုံးလိုက်သောအစားအသောက်များထဲရှိ သတ္တုဓာတ်များကိုအလွယ်တကူစုပ်ယူနိုင်ပြီး ခန္ဓာကိုယ် ၏ တစ်သျှူးများကိုသန့်စင်ပေးပါတယ်။ ၎င်းဖြစ်စဉ်က COVID-19 ရောဂါကိုဖြစ်စေသောကိုရိုနာဗိုင်းရပ်စ်ပိုးများကိုခုခံတိုက်ခိုက်ပေးနေပါတယ်။ သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်တော်သီး၊ ဒိန်ချဉ်၊ ချဉ်သောကရင်မ်၊ ပဲငါးပိအချဉ်ရည်၊ ရှာလကာရည်စတဲ့အချဉ်အရသာကို စားသုံးခြင်းဖြင့် လူသားတို့၏ခန္ဓာကိုယ်နှင့်စိတ်အာရုံတွင်ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာအောက်ပါအတိုင်းဖြစ်ပါတယ်-

သွားရည်ယိုလာတာကြောင့် ခံတွင်းခြောက်သွေ့ခြင်းကို မဖြစ်စေတော့ပါဘူး။

တံတွေးထွက်လာတာကြောင့် ပါးစပ်နှင့်ခံတွင်းတို့၏ ဇီဝကမ္မဖြစ်စဉ်ကိုကောင်းစွာအလုပ်လုပ်စေပါ တယ်။ (အထူးသဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ခံတွင်းနှင့် အာခေါင်ထဲသို့ ဝင်ရောက်ပျံ့နှံ့လာသောကိုရိုနာဗိုင်းရပ်စ်များအပြင် ရာသီတုပ်ကွေး H1N1 ပိုးတို့ကိုပါ ရှင်းလင်းသုတ်သင်ပေးနိုင်ပါတယ်)

ချွေးထွက်စေပါတယ်။

သွားအခေါင်းပေါက်တွေကိုသန့်စင်စေပါတယ်။

အချဉ်အရသာကိုမျိုချလိုက်တဲ့အခါခံတွင်းနဲ့လည်ချောင်းတစ်လျှောက်ပူနွေးစိုစွတ်စေပါတယ်။

လျှာကိုနိုးကြားတက်ကြွလာစေပါတယ်။

ခံတွင်းမြိန်နှုတ်မြိန်စေပါတယ်။

အအီပြေစေပါတယ်။

စိတ်ကိုသက်သောင့်သက်သာဖြစ်လာနိုင်ပါတယ်။

အရသာခံအာရုံကိုတိုးတက်လာစေပါတယ်။

အစာကြေညက်စေပါတယ်။

ခန္ဓာကိုယ်တွင်းကလီစာများကိုခြောက်သွေ့ခြင်းမဖြစ်စေတော့ပါဘူး။

နှလုံးကျန်းမာစေပါတယ်။

အရိုးအားကောင်းစေပါတယ်။

သွေးယိုစီးခြင်းမှကာကွယ်ပေးပါတယ်။

ဆီးရွှင်စေပါတယ်။

အာဟာရဖြစ်စေပါတယ်။

ရှောက်သီး၊သံပရာသီးများနှင့်အာဟာရတန်ဖိုး

အထူးသဖြင့် ဆစ်စထရစ်အက်ဆစ်ကြွယ်ဝတဲ့ သံပရာသီးနဲ့ရှောက်သီးတို့ဟာ ခန္ဓာကိုယ်အလေးချိန်ကိုကျစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ မျက်စိကောင်းခြင်း၊ အစာမြန်မြန်ကြေညက်စေကာဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ခြင်းဖြင့် ကောင်ကျိုးပြုပါတယ်။ ထို့ပြင် အသက်ရှူလမ်းကြောင်းကိုသက်သောင့်သက်သာ ဖြစ်စေ၍ COVID-19 ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီဖျားနာကူးစက်ရောဂါပိုးများအန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ၎င်းအချဉ်သီးများကဆီးရောဂါအမျိုးမျိုးနှင့်အသား အရေပြဿနာဖြစ်ခြင်းတို့မှလည်းကာကွယ်ပေးနိုင်ပါတယ်။

ဒိန်ချဉ်နှင့်အာဟာရတန်ဖိုး

ဒိန်ချဉ်ကိုများသောအားဖြင့် နွားနို့(သို့)ကျွဲနို့ဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ ဒိန်ချဉ်ထဲတွင်ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသည့် အပြင်၊ probiotic(ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးများပါရှိ၍ နေ့စဉ် ဒိန်ချဉ် ၁ဝဝ ဂရမ် သောက်သုံးပေးခြင်းဖြင့်၊ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေခြင်း၊ အဆီနည်း သော ဒိန်ချဉ်သောက်သုံးပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရောဂါနှင့် ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်း စေခြင်း၊ အမျိုးသမီးများယောနိကိုသန့်စင်ပေးပြီး၊ ယောနိအင်္ဂါမှိုစွဲခြင်း (သို့) အဖြူဆင်း၍ ယားယံခြင်းမှ ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ်ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင် မှုဝေဒနာများ သက်သာစေခြင်း၊ ပဋိသန္ဓေတားဆေးမှီဝဲသော အမျိုးသမီးများ ဟော်မုန်းထွက်ရှိမှုမျှတစေခြင်း၊ ဒိန်ချဉ် ထဲရှိ လက်တစ်အက်ဆစ်ဟာခံတွင်းထဲရှိ ဗက်တီရီးယားပိုးမွှားများကိုသေစေ၍၊ ခံတွင်းရနံ့ဆိုးများ ပြေပျောက် စေတဲ့အပြင် သွားနှင့်သွားဖုံးတို့ကို ကျန်းမာစေခြင်း၊ အသက်၃-နှစ်အရွယ် ကလေးငယ် များကို ဒိန်ချဉ် တိုက်ကျွေးခြင်းဖြင့် သွားများပေါ်တွင် အလွှာတစ်ထပ်ဖုံးစေကာ၊ သွားပိုးစားမှုသက်သာ၍ ခိုင်ခံ့လာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။ 

ဒါ့ပြင် အစာအိမ်နှင့် အူကို ကောင်းကျိုးပြုစေ၍ COVID-19 ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်များ သာမက၊ ရာသီဖျားနာတုပ်ကွေးဖြစ်စေသောကူးစက်ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်သော ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ဝမ်းသွားခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် ဒိန်ချဉ်ဟာ အရွယ်(၃)ပါးမရွေးကောင်းကျိုးပြုနိုင်တာကြောင့် ကမ္ဘာ့အကောင်းဆုံးအစားအစာ (၁၀) မျိုးစာရင်းထဲတွင် ဒိန်ချဉ်လည်းတစ်ခုအပါအဝင်ဖြစ််ကြောင်း WH Foods မှ အကြံပြုထားပါတယ်။

ရှာလကာရည်နှင့်အာဟာရတန်ဖိုး

ထမင်းမစားခင် ရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးသင့်ပါတယ်။  ရှာလကာရည် ဟာ သွေးတွင်းသကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန်လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ရှာလကာရည်ထဲရှိ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းဓာတ်တွေက သွေးလှည့်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ခြေဖျက်တဲ့ စနစ်ကို အကူအညီပေးပါတယ်။ အစာစားတိုင်း ရှာလကာရည် ထည့်စားပေးခြင်းဖြင့် အစာကြေညက်လွယ်သလို၊ နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှာလကာရည်မြုပ်အောင်တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပြီးနောက်၊ ထမင်းစားသည့်အခါတိုင်း ယင်းကြက်သွန်နီကို ထည့်စားပေးခြင်းဖြင် COVID-19 ရောဂါကို ဖြစ်စေသောကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့်  သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေသော Dengue Virus ပိုးများ အန္တရာယ်ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရာရောက်ပါ တယ်။

ဒါ့ပြင် ငါးဟင်းလျာစားပြီး ငါးရိုးစူးတဲ့အခါမှာ ရှာလကာရည်တစ်ပန်းကန်(အကြမ်းပန်းကန်)တစ်လုံးစာ သောက်ချပေးနိုင်ပါတယ်။ ဗောက်ထ၍ ယားယံသော ဦးရေပြားအတွက်ကိုလည်း ရှာလကာရည်နဲ့ ရေအေးတို့ ဆတူရော၍ ဦးရေပြားအနှံ့နှိပ်နယ် လိမ်းကျံပြီး၊ မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းချပြီးနောက် ပုံမှန် သုံးနေကျ ရှမ်ပူဖြင့်စင်အောင်လျှော်ပေးသင့်ပါတယ်။

အချဉ်လွန်ကဲခြင်း၏အပြစ်များ

အထက်ဖော်ပြပါ အချဉ်အရသာရှိသော အစားအစာများအပြင်၊ ကီဝီသီး၊ မာလကာသီး၊ ချဉ်သောလိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းငရုတ်ပွ၊ ကိုက်လံ၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်း ရောင်ပဲသီးအမျိုးမျိုးတို့မှာလည်း ဗီတာမင်စီဓာတ်ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ သို့သော် အရွယ်ရောက် ပြီး သူတစ်ယောက်အတွက်တစ်နေ့တာဗီတာမင်စီလိုအပ်ချက်ပမာဏမှာ ၄၅ မှ ၆ဝ မီလီဂရမ်ဖြစ်ပါတယ်။ အကယ်၍ လိုအပ်ချက်ပမာဏထက်ပို၍ အချဉ်ဓာတ်(ဗီတာမင်စီ)ကိုပို၍ စားသုံးမိပါကကျောက်ကပ်ကိုထိခိုက် စေခြင်း၊ အမျိုးသားများမှာ အရည်အသွေးညံ့သော သုက်ပိုးကောင် သုက်ရည်ထွက်ရှိခြင်း၊ အသည်းကိုလွန်စွာ အလုပ်လုပ်စေတာကြောင့် အသည်းကို ထိခိုက်လာခြင်း၊ ရေငတ်ခြင်း၊ ရင်ပူခြင်းတွေဖြစ်စေနိုင်၍ အချဉ်ဓာတ်ကို လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြည်ပါ။

လူနာနှင့် အချဉ်အစားအစာများ

ထိခိုက်ဒဏ်ရာရ၍ အနာချုပ်ထားရသူများ၊ ခွဲစိတ်ခံထားရသူများ၊ ပြည်တစိုစိုနှင့် အနာပေါက်နေသူများ အပါအဝင်အရိုးပျော့ရောဂါ၊ သွေးအားနည်းရောဂါ စတဲ့ဝေဒနာသည်များကို အနာမြန်မြန်ကျက်စေရန်သော် လည်းကောင်း၊ သွေးထဲရှိ ကိုယ်ခံစွမ်းရည်သတ္တိကို မြှင့်ခြင်းဖြင့် ဝေဒနာမြန်မြန် ပျောက်ကင်းအောင်သော်လည်း ကောင်း ရည်ရွယ်၍၊ ဆရာဝန်များက “အချဉ်များများစားပါ” ဟု ညွှန်ကြားလေ့ရှိပါတယ်။ အချဉ်ဆိုသည်မှာ ရှောက်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဇီးဖြူသီး၊ ဆီးသီး၊ သရက်သီး စသဖြင့် အမျိုးမျိုးရှိကြရာ ရာသီမရွေးအလွယ်တကူရရှိနိုင်သော အချဉ်သီးကတော့ ရှောက်သီးနဲ့ သံပရာသီးတို့ ဖြစ်ကြပါတယ်။ ထို့နည်းတူစွာပင် ဆရာဝန်တွေ အများဆုံးရည်ညွှန်ပြောကြားလေ့ရှိသော အချဉ်ဆိုသည်မှာ လည်း ရှောက်သီးနဲ့ သံပရာသီးတို့ ဖြစ်ပါတယ်။

လူနာတွေကြောက်ကြသည်မှာ “အနာရှိသူများ အချဉ်စားလျှင် မေးခိုင်လိမ့်မယ်” “ဖျားနေသူများ အချဉ်စားလျှင် ငန်းဝင်မယ် ” “ အင်္ဂလိပ်ဆေးစားထားလျှင် တစ်နေ့တာလုံး အချဉ်မစားနဲ့” ဟူ၍ လူနာ ၁၀၀ တွင် ပျမ်းမျှ ၉၀ ခန့်ကဤသို့ ပြောနေကြတာကိုကြားသိရပါလိမ့်မယ်။ သို့တည်းမဟုတ် သင်(စာဖတ်သူ)ကိုယ်တိုင် ထင်မြင်ယူဆနေပါလိမ့်မယ်။ ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သော အနှစ် ၂၀ နှစ်ခန့်တွင် နိုင်ငံတကာ ကျန်းမာရေးသုတေသီများ၏ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ၊ အနာပေါက်စဉ်  အချဉ်စားလျှင် အနာမြန်မြန်ကျက်လွယ်ကြောင်း၊ ခွဲစိတ်ခံထားရသူများ အချဉ်စားလျှင် ချုပ်ရိုးမြန်မြန်ကျက်စေကြောင်း၊ ဖျားနာနေစဉ် (အပူဒီဂရီမည်မျှပင်ရှိစေကာမူ) အချဉ်စားလျှင် ကိုယ်ခံစွမ်းရည်သတ္တိမြင့်မားလာပြီး မြန်မြန် အဖျားပျောက်စေကြောင်း၊ အရိုးပျော့ရောဂါမဖြစ်ရန်၊ သွားများခိုင်ခံ့ရန်နှင့် သွေးအားနည်းရောဂါ၊ သွေးတိုး ရောဂါ၊ ရင်တုန်၍ မောပန်းလွယ်သော ရောဂါများမှ ကင်းဝေးလိုလျှင် အချဉ်ဖျော်ရည် (သို့) အသီးတစ်မျိုးမျိုးကို နေ့စဉ်မှီဝဲသင့်ကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ 

သို့သော် အထူးသတိပြုရန်မှာ ဆစ်ထရစ်အက်ဆစ်(ခေါ်)အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေကိုမည် သည့်ရောဂါကြောင့်ဖြစ်စေ အင်္ဂလိပ်ဆေး/ပဋိဇီဝဆေးများ သောက်ပြီးပြီးချင်း (သို့) ဆေးထိုးပြီးပြီးချင်း ချက်ချင်းမစားသင့်ပါဘူး။ ဆေးထိုးဆေးသောက်ပြီး၊ အနည်းဆုံး တစ်နာရီကျော်ကြာမှသာလျှင် အချဉ်အရသာ ရှိသော အစားအစာတွေကို စားသောက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးများကို သောက်တဲ့အခါ ဗီတာမင်စီဆေးပြားနှင့်တွဲ၍ မသောက်သင့်ပါဘူး။ ထို့နည်းတူ အချဉ်အရသာရှိသော ဖျော်ရည်များဖြင့်လည်း ရော၍ မသောက်သင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် အကိုက်အခဲပျောက်ဆေးထဲတွင် ပါရှိနေသော အက်ဆစ်တစ်မျိုးနှင့် ဗီတာမင်စီဓာတ်တို့၏ ပေါင်းစပ်မှုဓာတ်သတ္တိအရှိန်ကြောင့် နုနယ်သော အစာအိမ်၏ နံရံကိုတိုက် စားသွားပြီးနောက် သွေးများယိုစိမ့်ထွက်လာတတ်ကာ၊ သွေးမတိတ်ပါက သွေးလန့် ပြီး သေစေနိုင်ပါတယ်။ထို့ကြောင့် အသက် အန္တရာယ်ကင်းစေရန်အတွက် အချဉ်စားပြီးနောက် အချိန် နှစ်နာရီ ခန့်ခွာ၍ အကိုက်အခဲပျောက်ဆေး မှီဝဲသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

စေတနာများစွာဖြင့်                       

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ