နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mask များကို ပရဟိတ စိတ်ဓာတ်ဖြင့် ရောင်းချရန် တိုက်တွန်း

ရန်ကုန် သြဂုတ် ၂၅


တစ်ခါသုံး Face Mask များကို အမြတ်အစွန်း အနည်းငယ်သာယူ၍ ပရဟိတစိတ်ဓာတ်ဖြင့် ရောင်းချပေး ကြရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက တိုက်တွန်းပြောဆိုသည်။


သို့ရာတွင် ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်းသတိပေးချက်များနှင့် ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်မှု ပြန်လည်အစပြု ဖြစ်ပွားလာသည့်အတွက် လူနာသစ်များ တွေ့ရှိလာမှုနှင့်  စောင့်ကြည့်လူနာ အရေအတွက် များပြားလာမှုအပေါ် အများပြည်သူများမှ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြပြီး တစ်ခါသုံး   Face Mask ဝယ်လိုအားများ ပြန်လည်မြင့်တက်လာမှုကြောင့် ဈေးနှုန်းပြန်လည် ကြီးမြင့်လာခြင်းနှင့် ဈေးကွက်တွင် ဝယ်ယူရန် ခက်ခဲခြင်းတို့ဖြစ်လာသည်။


ထို့ကြောင့် တစ်ခါသုံး Face Mask တင်သွင်း ရောင်းချသော အသင်းဝင် ကုမ္ပဏီများနှင့် လက်လီလက်ကား အရောင်းဆိုင်များအနေနှင့် ပရဟိတစိတ်ဓါတ်ဖြင့် အမြတ်အစွန်း အနည်းငယ်သာယူ၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြည်သူ့ကျန်းမာရေး အကျိုးရှေးရှုကာ ရောင်းချပေးကြရန် အဆိုပါ အသင်းမှ မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။


ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အရေးကြီးကုန်စည်များဖြစ်သော COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများအားဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ကို တားမြစ်ထားရာ အဆိုပါ ကုန်စည်များအားတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးကို ရှေးရှု၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် ကုန်သည်စက်မှုအသင်းချုပ်ကလည်း အသိပေးကြေညာထားသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ