ရန်ကုန် သြဂုတ် ၂၅
မြန်မာနိုင်ငံတွင်ကျရောက်နေသော COVID-19 ရောဂါဖြစ်ပွားနေ့သည့်ကာလများအတွင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)အတွက်အထောက်အပံ့ ဖြစ်စေရန် အစိုးရမှ ချေးငွေပမာဏ၏ တစ်ရာခိုင်နှုန်းဖြင့်သာချေးငွေကျပ်ဘီလီယံ (၅၀ဝ) အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်(UMFCCI)အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း ထံကသိရသည်။
" ဒီ COVID-19 ချေးငွေက အဆင့် (၄)ဆင့်လောက်ကို ဌာနပေါင်းစုံအဖွဲ့ပေါင်းစုံက စိစစ်ပေးနေတာဖြစ်ပါတယ်။ ချေးငွေရယူမဲ့လုပ်ငန်းတွေအတွက်နစ်နာမှုမရှိအောင် တန်းတူညီမျှ စွာမနစ်နာဘဲ ချေးငွေရရှိအောင် စိစစ်ပေးနေတာပါ။ချေးငွေကို မူလ CEPB Plam အရ ကျပ် ဘီလီယံ (၅၀ဝ) အထိ ထုတ်ချေးပေးသွားဖို့သက်မှတ်ထားတယ်။ အခုက အသုတ်လိုက်ချေးပေးနေပါတယ်။ သက်မှတ်ထားတဲ့ အတိုင်းတစ်သုတ်မှာကျပ် ဘီလီယံ(၁၀ဝ)ဆိုပေမဲ့ လုပ်ငန်းအနေအထားအရ လျှောက်လွှာတွေပေါ်မူတည်ပြီး ဘီလီယံ(၁၀ဝ)ကျော်ရင်လဲကျော်သွားမှာပါ။ "ဟု အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းကထပ်မံပြောသည်။
ယခုအခါတွင် COVID-19 ချေးငွေကို ပထမအသုတ် ကျပ် ဘီလီယံ (၁၀ဝ) ထုတ်ချေးပေးပြီးဖြစ်သည်။ ထပ်မံ၍ ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ယခုအခါတွင် သက်ဆိုင်ရာဌာနဆိုင်ရာ များ /သက်ဆိုင်ရာလုပ်ငန်း အလိုက် UMFCCI မှ အသင်းအဖွဲ့များ/ ပြည်တွင်း SMEs လုပ်ငန်း အဖွဲ့များနှင့် ဆက်စပ်အဖွဲ့များက ရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)တွင်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထက်မံ၍ အပြင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအတွက် ကျပ် ဘီလီယံ(၁၀ဝ)အပြင် အသုတ်လိုက် ချေးငွေထုတ်ချေးပေးနိုင်အစီအစဉ်များရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မှသိရသည်။
အဆိုပါ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၅၀ဝ) အထိ ထုတ်ချေးမှုတွင် စိုက်ပျိုးရေး/ မွေးမြူရေး/ ရေထွက် ပစ္စည်းထုတ်လုပ်သည့် ကုန်လုပ်ငန်း/ ပြည်ပပို့ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ/သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ/ပြည်တွင်းထုတ်လုပ်မှုမှပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်း ဆက် တစ်လျှောက်ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ/စားသောက်ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်း များ/ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း/အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများစသည့် ကဏ္ဍ (၉)ခုပါဝင်မည်ဖြစ်ကြောင်းသိရသည်။
မင်းခ