နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာရေဘီယံဒေသတစ်ဝန်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံး

ဝါရှင်တန်၊ ဩဂုတ် ၂၅


ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကာရေဘီယံဒေသတစ်ဝန်းတွင် မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။ ဟာရီကိန်းမုန်တိုင်း မာကို( Marco)နှင့် အပူပိုင်းမုန်တိုင်း လော်ရာ တိုက်ခတ်မှုကြောင့် လှိုင်းကြီးလေထန်ခဲ့ရာ ဟေတီနိုင်ငံတွင် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ပြီး ဒိုမီနီကန်နိုင်ငံတွင် နောက်ထပ်လူသုံးဦး သေဆုံးခဲ့သည်။ ကျူးဘားနိုင်ငံနှင့် အမေရိကန်ပိုင်နက်ဖြစ်သည့် ပွာတိုရီကိုကျွန်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။


ဟာရီကိန်းမုန်တိုင်း မာကိုမှာ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေပြီး အပူပိုင်းမုန်တိုင်း လော်ရာမှာ တက္ကဆက်ပြည်နယ်သို့ တိုက်ခတ်ဖွယ်ရှိသည်။ လော်ရာမှာ ဟာရီကိန်း မုန်တိုင်းအဖြစ် အားကောင်းလာဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံ အမျိုးသားဟာရီကိန်းစင်တာက ပြောသည်။ လော်ရာမှာ အရှေ့ဘက်သို့ ဦးတည်ပြီး လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသည်ဟု ခန့်မှန်းထားရာ ခန့်မှန်းသည့်အတိုင်း ဖြစ်လာပါက လူဝီစီယားနားပြည်နယ်သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဟာရီကိန်းမုန်တိုင်း ၂ လုံး ရှေ့ဆင့်၊ နောက်ဆင့် ဝင်ရောက်တိုက်ခတ်မှု ဖြစ်လာလိမ့်မည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒိုမီနီကန်နိုင်ငံတွင် နေအိမ် ၂၀၀ ထိခိုက်ပျက်စီးခဲ့ပြီး လူ ၁၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။                                                                                                                 

KNT






အခြားဆက်စပ်သတင်းများ