နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၀၀ ကျော်က ရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ

ဂျေရုစလင်၊ ဩဂုတ် ၂၅


အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ရှေးဟောင်းပစ္စည်းတူးဖော်ရာ နေရာတွင် လုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက် နေသည့် လူငယ်များက နှစ်ပေါင်း ၁၁၀၀ ကျော် မြေအောက်မြုပ်နေသည့် မြေကရားအတွင်းမှ ရွှေဒင်္ဂါးပြား ၄၂၅ ပြား တွေ့ရှိခဲ့သည်။ ရွှေဒင်္ဂါးပြားအများစုမှာ အစ္စလာမ်ဘာသာ အစောပိုင်းကာလမှဖြစ်ပြီး ထိုစဉ်က အဆိုပါဒေသမှာ အက်ဘာဆစ်အစ္စလာမ်နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။


ရွှေဒင်္ဂါးပြားများမှာ မြှုပ်နှံခံရချိန်ကာလတွင် အလွန်တန်ဖိုးရှိပြီး အက်ဘာဆစ် အစ္စလာမ်နိုင်ငံတော်၏ မြို့ကြီးတစ်မြို့မြို့တွင် ဇိမ်ခံအိမ် ဝယ်ယူနိုင်လောက်သည့် အတိုင်းအတာရှိသည်ဟု ဆိုသည်။ ရွှေဒင်္ဂါးပြားများမှာ စုစုပေါင်း အလေးချိန် ၈၄၅ ဂရမ်ရှိသည်။ အဆိုပါရွှေဒင်္ဂါးပြားများကို မည်သူက ပိုင်ဆိုင်ခဲ့သည်၊ မည်သည့်အတွက်ကြောင့် ပြန်လာမယူခဲ့သည်ဆိုသည့် မေးခွန်းများအတွက် အဖြေမရှိသေးပေ။ 


'' လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ မှာ ဒီဒင်္ဂါးပြားတွေကို မြှုပ်နှံခဲ့သူက ပြန်လာယူဖို့ စိတ်ကူးရပါတယ်။ သူက ရွှေဒင်္ဂါးသေတ္တာ နေရာရွေ့မသွားအောင် သံနဲ့တောင် တုပ်ထားတာပါ''ဟု အစ္စရေးနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုအာဏာပိုင်အဖွဲ့မှ တူးဖော်ရှာဖွေရေးအဖွဲ့ ဒါရိုက်တာများဖြစ်သည့် နာဒက်ဇစ်ဗ်နှင့် အယ်လီဟက်ဒက်တို့က ပြောသည်။ ရွှေဒင်္ဂါးပြားများကို တူးဖော်တွေ့ရှိချိန်တွင် အလွန်ပါးလွှာသည့် သစ်ရွက်များဟု ထင်မှတ်ခဲ့ကြောင်း လုပ်အားပေးအဖြစ် ပါဝင်နေသူ အော့ဇ်ကိုဟန်က ပြောသည်။ ရွှေဒင်္ဂါးသေတ္တာအတွင်း ရွှေဒင်္ဂါးပြားများ အပြင် ငွေအကြွေအဖြစ် အသုံးပြုသည့် ရွှေဖြတ်စများလည်း တွေ့ရသည်ဟု ရွှေဒင်္ဂါးကျွမ်းကျင်ပညာရှင် ရောဘတ်ကူးလ်က ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ