နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇမ်ဘီယာနိုင်ငံအရေးကို ဝေဖန်ခဲ့သည့် ဝန်ကြီးကို တောင်အာဖရိကသမ္မတ ပြစ်တင်ဆုံးမ

ဂျိုဟန်နက်စ်ဘတ်၊ ဩဂုတ် ၂၅


ဇမ်ဘီယာနိုင်ငံတွင် ထိပ်တန်းအစိုးရအရာရှိတစ်ဦး ထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ တွစ်တာပေါ်မှ ဝေဖန်ခဲ့ သည့် တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးကို တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခဲ့သည်။ ဇမ်ဘီယာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ကယ်ယယ်ယာကို မည်သည့် အတွက်ကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောရန် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး မိုဝီနီက ဇင်ဘီယာသမ္မတ လွန်ဂူကို တောင်းဆိုခဲ့သည်။


''အဓိပ္ပာယ်မရှိတဲ့ မနက်ခင်းမှာ နိုးထလာပြီး ဗဟိုဘဏ်ဥက္ကဋ္ဌကို ထုတ်ပယ်တဲ့ဖြစ်ရပ်မျိုးအပေါ် တောင်အာဖရိကတိုက်မှာရှိတဲ့ သမ္မတတွေက တားဆီးရမှာပါ''ဟု မိုဝီနီက ဆိုသည်။ ဇမ်ဘီယာသမ္မတ က ကယ်ယယ်ယာကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခြင်းမပြုပါက ကယ်ယယ်ယာအတွက် ထောက်ခံအားပေးမှုများ ဆက်လုပ်သွားမည်ဟု ယင်းက ဆိုသည်။ သို့သော် နောက်ပိုင်းတွင် တွစ်တာပေါ်မှ အဆိုပါရေးသားဖော်ပြချက်များကို ပြန်ဖျက်ခဲ့သည်။ မိုဝီနီ၏ ရေးသားဖော်ပြချက်များကို တောင်အာဖရိက အစိုးရအဖွဲ့ကလည်း ထောက်ခံအားပေးခဲ့ခြင်းမရှိပေ။ မိုဝီနီ၏ ရေးသားချက်များမှာ ကံအကြောင်းမလှခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန်အတွက် ယခုဖြစ်ရပ်ကို ဖြေရှင်းခဲ့ကြောင်း တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ပြောသည်။                                                                                                              

KNT






အခြားဆက်စပ်သတင်းများ