နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုသစ် ဖြစ်ပွားမည့်အခြေအနေ ကြုံတွေ့နေ

ဆိုးလ်၊ ဩဂုတ် ၂၅


ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်တွန်းလှန်ရာတွင် စံနမူနာအဖြစ် သတ်မှတ်ခံထားရသည့် တောင်ကိုရီးယား နိုင်ငံမှာ နိုင်ငံတစ်ဝန်း ကူးစက်မှုသစ် ဖြစ်ပွားမည့်အခြေအနေ ကြုံနေရသည်ဟု အရာရှိများက ပြောသည်။ ယခုနောက်ဆုံး ရောဂါကူးစက်မှုမှာ Presbyterian ခရစ်ယာန်ဘုရားကျောင်းမှ အစပြုပြီး တောင်ကိုရီးယား နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၇ ခုလုံးကို ကူးစက်ပျံ့နှံ့သွားခဲ့ရာ နေ့စဉ်နေ့တိုင်း လူနာသစ် ရာဂဏန်းလောက်တွေ့ရှိ နေသည်။


ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကို တိုးမြှင့်ချမှတ်ထားပြီး ဆိုးလ်မြို့မှာ နှာခေါင်းစည်းမတပ်မနေရ အမိန့် ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားအစိုးရက စာသင်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်သင့်၊ မပိတ်သင့် ချင့်ချိန်သုံးသပ်နေသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဆေးရုံများ တွင် ခုတင်များ ပြည့်နေပြီး ကျန်းမာရေးစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှာလည်း မိုင်ကုန်နီးပါးဖြစ်နေခြင်းကြောင့် ခပ်ခွာခွာနေရေး စည်းမျဉ်းများကို ထပ်မံတိုးမြှင့်ရန် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အစိုးရကို တိုက်တွန်းထားသည်။ 


တောင်ကိုရီးယားနိုင်ငံ၏ ထိရောက်သည့် ထိတွေ့မှုရာဇဝင် ခြေရာခံစနစ်မှာ တစ်နာရီလျှင် ရောဂါကူးစက် ခံရဖွယ်ရှိသူ ၁၀၀၀ နီးပါးကို ခြေရာခံဖော်ထုတ်နိုင်စွမ်းရှိသော်လည်း ယခုနောက်ဆုံး ဖြစ်ပွားနေသည့် ကူးစက်ပျံ့နှံ့မှုများတွင် လူနာသစ် ၂၀ ရာခိုင်နှုန်း၏ ရောဂါကူးစက်ခံရမှုဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးကြောင်း ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(KCDC) က ဝန်ခံထားသည်။


Presbyterian ခရစ်ယာန်ဘုရားကျောင်းကို ပိတ်ပစ်ရန် ပူးပေါင်းကြံစည်မှုတစ်ရပ်အဖြစ် ဗိုင်းရပ်စ်ပျံ့နှံ့ အောင် လုပ်ခဲ့ခြင်းဖြစ်မည်ဟု လက်ယာစွန်းရောက် ဝတ်ပြုသူများက ယုံကြည်နေကြသည်။ ထို့ကြောင့် ရောဂါကူးစက်ခံရဖွယ်ရှိသည့် ဘုရားကျောင်းအဖွဲ့ဝင်များက သက်ဆိုင်ရာကို ဆက်သွယ်ရန် ငြင်းဆန်နေကြသည်။


KNT






အခြားဆက်စပ်သတင်းများ