နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိမည်

ရန်ကုန် ဧပြီ ၂၁ မြန်မာနိုင်ငံတွင် COVID-19 ရောဂါတုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ပေးရန် ကမ္ဘာ့ဘဏ်ကဧပြီ ၂၀ ရက်တွင် အတည်ပြုလိုက်သည်။ အဆိုပါဘဏ္ဍာငွေသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရန်အတွက် လျင်မြန်စွာချမှတ်ခဲ့သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုအကူအညီဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွင် အဓိက လိုအပ်ချက်တစ်ခုဖြစ်သည့် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်မှုလုပ်ငန်းများကို အားဖြည့် သွားမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ''ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပိုမိုပေးနိုင်မှာဖြစ်သလို ၊ ရောဂါဒဏ် ပြင်းထန်စွာခံစားရခြင်းမှ သက်သာစေဖို့နဲ့ သေဆုံးနှုန်းလျှော့ချနိုင်ဖို့ကို အထောက်အကူပြုနိုင်မယ်''လို့ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စမာရီယမ်ရှာမန်ကပြောသည်။ ယခုစီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဗဟိုအဆင့် ဆေးရုံ ၈ ရုံနှင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများကို အပိုင်းလိုက်ဆောင်ရွက်သွား မည်ဖြစ်ရာ အရေးပေါ် အလိုအပ်ဆုံးဒေသများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် COVID-19 ရောဂါဒဏ်ခံစားရသည့် တိုင်းပြည်များအတွက် လာမည့် ၁၅ လ အတွင်း ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများအားကာကွယ်ပေးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ အားပံ့ပိုးပေးရန်နှင့် နိုင်ငံရေးဆိုင်ရာ စီးပွားရေးအင်အားများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ဘဏ္ဍာရေးပံ့ပိုးမှုများဆောင်ရွက် နိုင်ရေးကို လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ