နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Hammock Creek ဂျူနီယာဂေါက်ရိုက်ပြိုင်ပွဲမှ တိုက်ဂါးဝုဒ်သားဗိုလ်စွဲ

  ဩဂုတ်  ၂၄


တိုက်ဂါးဝုဒ်ရဲ့သားငယ် ၁၁ နှစ်သား ချာလီဝုဒ်မှာ ဖခင်ဖြစ်သူ ကယ်ဒီ(ဂေါက်အိတ်သယ်သူ)အဖြစ် လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဂျူနီယာပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲခဲ့ပါတယ်။
ဖလော်ရီဒါမှာကျင်းပတဲ့ Hammock Creek ဂျူနီယာ ဂေါက်ရိုက်ပြိုင်ပွဲမှာ ချာလီဝုဒ်က ပူးတွဲဒုတိယ ရရှိသူနှစ်ဦးကို ငါးချက်အသာနဲ့ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ ကိုးကျင်းသာယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲတွင် ချာလီဝုဒ်က ဘာဒီ(တစ်ချက်လျော့)သုံးကြိမ်ရပြီး စုစုပေါင်းရိုက်ချက် ၃၃ ချက်နဲ့ဗိုလ်စွဲခဲ့တာပါ။


အသက် ၄၄ နှစ်ရှိ တိုက်ဂါးဝုဒ်မှာ သားဖြစ်သူရဲ့ ယှဉ်ပြိုင်မှုကို အနီးကပ်အားပေးခဲ့သလို  ဂေါက်ရိုက်တံများထည့်ထားတဲ့ အိတ်ကို သယ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်ကလေးများအနက် ချာလီဝုဒ်တစ်ဦးတည်းသာ သတ်မှတ်ရိုက်ချက်ထက်လျှော့ရိုက်နိုင်ခြင်းဖြစ်ပါတယ်။ ချာလီဝုဒ်မှာ ဖခင်ဖြစ်သူဝင်ပြိုင်တဲ့ ပြိုင်ပွဲအချို့ကို ပုံမှန်အားပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် မာစတာဖလားကို (၅) ကြိမ်မြောက်ဆွတ်ခူးခဲ့စဉ်ကလည်း  အားပေးကြည့်ရှုခဲ့ပါတယ်။


တိုက်ဂါးဝုဒ် ကလည်း သားဖြစ်သူရဲ့ကယ်ဒီအဖြစ် ပထမဆုံးအကြိမ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၀ တွင် ကွာရှင်းခဲ့တဲ့ ဆွီဒင်မော်ဒယ်အယ်လင်နော် ဒီဂရန်နဲ့ တိုက်ဂါးဝုဒ်တို့မှာ ၁၃ နှစ်အရွယ် ဆမ်ဝုဒ်နဲ့ ၁၁ နှစ်အရွယ် ချာလီဝုဒ်တို့ထွန်းကားခဲ့ပါတယ်။                                                                                               


(SO)






အခြားဆက်စပ်သတင်းများ