ဩဂုတ် ၂၄
ဩစတြီးယားသို့ ရာသီကြိုလေ့ကျင့်ခြေစမ်းရန်ရောက်ရှိနေတဲ့ လီဗာပူးလ်ကလပ်အနေနဲ့ ဗြိတိန်သို့ ပြန်ရောက်တဲ့အခါ ကွာရန်တင်း ၁၄ ရက်ဝင်စရာမလိုကြောင်း ဒေးလီးမေးလ်ရဲ့ဖော်ပြချက်အရသိရပါတယ်။ ဗြိတိန်အစိုးရဟာ ပြည်တော်ပြန်တွေကို ကွာရန်တင်းဝင်စေမယ့် စည်းမျဉ်းပြဌာန်းထားပြီး နိုင်ငံပေါင်း ၁၅၅ နိုင်ငံထိထည့်သွင်းထားကာ ဩစတြီးယားနိုင်ငံလည်းပါဝင်နေပါတယ်။
ဒါပေမယ့် လီဗာပူးလ်ကလပ်က ကင်းလွတ်ခွင့်ပေးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ ခွင့်ပြုချက်တောင်းခံ လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဒေးလီးမေးလ်ကဖော်ပြပါတယ်။ အက်ဖ်အေကလည်း ကင်းလွတ်ခွင့်ပေးခဲ့တာ ကြောင့် လီဗာပူးလ်ဩစတြီးယားမှာ လွတ်လွတ်ကင်းကင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ စနေမှာ စတုဂတ်၊ အင်္ဂါမှာ ဆဲလ်ဘတ်တို့နှင့်ခြေစမ်းပွဲကစားမှာပါ။ ဩစတြီးယားမှာ တစ်ပတ်ကြာလေ့ကျင့်သွား မယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အသင်းရဲ့လေ့ကျင့်ရေးကွင်း မဲဝုဒ်ကိုပြန်လာကာ ဩဂုတ်လ ၂၉ ရက်မှာ တော့ အာဆင်နယ်လ်နဲ့ ကွန်မြူနတီဒိုင်းပွဲကို ဝင်ဘာလေကွင်းမှာ ကစားသွားမှာပါ။
(SO)