နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရဲ့ လိုက်ကာအဖွင့် ချန်ပီယံနှစ်သင်းတွေ့ဆုံနေ

 ဩဂုတ်  ၂၄


၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ပွဲစဉ်ဇယားကို ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပြီဖြစ်ပါ တယ်။ ရာသီအဖွင့်ပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နဲ့ ချန်ပီယံရှစ် ချန်ပီယံလိဒ်စ်တို့ထိပ်တိုက် တွေ့ဆုံတဲ့ပွဲစဉ်ပါဝင်လာတဲ့အတွက် ပွဲစဉ်အစရဲ့ထူးခြားတဲ့ပွဲပါဘဲ။


ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက်မှာ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လီဗာပူးလ်က လိဒ်စ်ကို အိမ်ကွင်းမှာဧည့်ခံကစားရမှာပါ။  စပါးကလည်း အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။  ချဲလ်ဆီးကတော့ ဘရိုက်တန်ကိုအဝေးကွင်း၊ အာဆင်နယ်လ်က ဖူလ်ဟမ်ကို အဝေးကွင်းတို့မှာ ကစားကြရမှာပါ။


မန်ယူနဲ့ မန်စီးတီးပွဲစဉ်တွေကိုတော့ရွှေ့ဆိုင်းထားပါတယ်။ မန်ယူနဲ့ မန်စီးတီးတို့က ဥရောပပြိုင်ပွဲနောက်ဆုံးကစားခဲ့တဲ့ အသင်းတွေဖြစ်တာကြောင့် အင်္ဂလိပ်အသင်းများဟာ အနည်းဆုံးနားချိန် ရက် ၃၀ ပေးရမည်ဆိုတဲ့ သတ်မှတ်ချက်အရ ဘန်လေနဲ့ ကစားရမယ့် မန်ယူနဲ့ အဝေးကွင်းပွဲ၊ ဗီလာကိုအိမ်ကွင်းလက်ခံကစားရမယ့် မန်စီးတီးရဲ့ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားခြင်းဖြစ်ပါတယ်။


ပြန်ကစားရမယ့်ရက်ကို ပြန်လည်ကြေညာမည်ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ပွဲစဉ်ဇယားများအရ အာဆင်နယ်လ်နဲ့ မန်ယူမှာရာသီအစပိုင်းမှာ ပွဲကျပ်များနဲ့ကြုံတွေ့နေရပါတယ်။  အာဆင်နယ်လ်ရာသီအဖွင့်ပွဲ ဖူလ်ဟမ်နဲ့ ပွဲချောင်သလို ဝက်စ်ဟမ်းနဲ့ဒုတိယပွဲစဉ်ကလည်း အခက်အခဲမရှိနိုင်ဘဲ စက်တင်ဘာ ၂၆ တတိယပွဲမှ စကာ  လီဗာပူးလ်၊ ရှက်ဖီး၊ မန်စီးတီး၊ လက်စတာ၊ မန်ယူတို့နဲ့ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ 


ဒါကြောင့် အာဆင်နယ်လ်အတွက် ရာသီအစတာထွက်ကြမ်းလွန်းတဲ့ ပွဲစဉ်ဖြစ်နေပါတယ်။  မန်ယူကလည်း ရာသီအဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပေမယ့် ပထမဆုံးခြောက်ပွဲမှာ စပါး၊ အာဆင်နယ်လ်၊ လီဗာပူးလ်၊ ဒီဇင်ဘာ ၅ မှာ စပါးနဲ့အာဆင်နယ်လ်၊ ဒီဇင်ဘာ ၁၂ မှာ မန်ယူနဲ့ မန်စီးတီးစတဲ့ ဒါဘီပွဲများ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။


(SO)







အခြားဆက်စပ်သတင်းများ