နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာနယ်လစ်ကို သတ်ရန် အမိန့်ပေးခိုင်းစေခဲ့သူကို ထောင်ဒဏ် နှစ် ၅၀ ချမှတ်

မက္ကဆီကိုစီးတီး    ဩဂုတ်    ၂၄


နာမည်ကျော် ဂျာနယ်လစ်တစ်ဦးကို သတ်ရန် အမိန့်ပေးခိုင်းစေခဲ့ခြင်းကြောင့် မက္ကဆီကိုနိုင်ငံမှ အမျိုးသားတစ်ဦးကို ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခဲ့သည်။ မီရိုဆလာဗာဘရိချ်မှာ မက္ကဆီကိုနိုင်ငံ၏ မူးယစ်အကြမ်းဖက်မှုများနှင့် အကျင့်ပျက်ခြစားမှုများအကြောင်း သတင်းရယူနေသူဖြစ်ပြီး ၂၀၁၇ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင် အသတ်ခံရသည့် ဂျာနယ်လစ် ၁၁ ဦးအနက် တစ်ဦးဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသည့် ပြစ်မှုများတွင် ဦးဦးဖျားဖျားအနေဖြင့် မိုရီနိုကို ထောင်ဒဏ်နှစ်ရှည်လများ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောသည်။ မက္ကဆီကိုနိုင်ငံတွင် ဂျာနယ်လစ်များအပေါ် တိုက်ခိုက်မှု ၉၀ ရာခိုင်နှုန်းနီးပါးကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။ 


မက္ကဆီကိုနိုင်ငံ အာဏာပိုင်များအနေဖြင့် အဆိုပါတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန် စာနယ်ဇင်း လွတ်လပ်ခွင့်ရရေး လှုပ်ရှားသည့် Propuesta Cívica အဖွဲ့က တိုက်တွန်းခဲ့သည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ပြောကြားချက်အရ ယခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံတွင် ဂျာနယ်လစ်လေးဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။ မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာပေါ်တွင် မီဒီယာ သေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု အဆိုပါအဖွဲ့က မှတ်ချက်ပေးထားသည်။ အသက် ၅၄ နှစ်ရှိသည့် မီရိုဆလာဗာဘရိချ်မှာ ၂၀၁၇ ခုနှစ် မတ်လ ၂၃ ရက်က ချီဟွာဟွာမြို့ရှိ ယင်း၏နေအိမ်အပြင်ဘက် ကားအတွင်း သေနတ်ဖြင့် ၈ ကြိမ် ပစ်ခတ်ခံခဲ့ရသည်။ ယင်း၏ရင်သွေးတစ်ဦးမှာ ကားအတွင်း ရှိနေသော်လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။ 


ယင်းကို သတ်သူများက  '' လူတွင်ကျယ်လုပ်တာကိုး''ဆိုသည့် စာတစ်စောင် ချန်ရစ်ထားခဲ့သည်။ ယင်းကို သတ်ဖြတ်မှုတွင် မိုရီနိုမှာ အဓိက ကြိုးကိုင်သူဟု သတ်မှတ်ခံထားရသည်။ မိုရီနိုမှာ ဆိုင်နာလိုအာမူးယစ်ဆေးဝါးဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည့် လို့စ်ဆလာဇာဂိုဏ်းမှ သေနတ်သမားများ၏ ခေါင်းဆောင်ဟု သတင်းများက ဖော်ပြသည်။     


KNT






အခြားဆက်စပ်သတင်းများ