နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တားမြစ်ပိတ်ပင်ထားသော်လည်း ဘီလာရုစ်နိုင်ငံ ဆန္ဒပြပွဲတွင် လူသောင်းချီ ပါဝင်

မင့်စ်   ဩဂုတ်    ၂၄


သမ္မတ လူကာရှန်ကို အနိုင်ရခဲ့သည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ရက်သတ္တနှစ်ပတ်အကြာတွင် ဘီလာရုစ်နိုင်ငံမှ အတိုက်အခံခေါင်းဆောင်ကို အားပေးထောက်ခံသူများက မင့်စ်မြို့၌ စုဝေးပွဲ ကျင်းပခဲ့သည်။ ရဲအစောင့်အကြပ် အများအပြားထားသော်လည်း မင့်စ်မြို့လယ်စင်တာတွင် ဆန္ဒပြသူ သောင်းချီ ပါဝင်ခဲ့သည်ဟု ဘီဘီစီသတင်းထောက် က ပြောသည်။ လူကာရှန်ကိုက ရွေးကောက်ပွဲကို ခိုးယူသွားခဲ့ကြောင်း၊ ယင်းကို ရာထူးမှ နုတ်ထွက်ပေးစေလိုကြောင်း ဆန္ဒပြသူများက ဆိုသည်။ သမ္မတ လူကာရှန်ကိုက မငြိမ်သက်မှုများကို နှိမ်နင်းမည်ဟု ကြုံးဝါးထားပြီး ပြည်ပအထောက်အပံ့ရယူထားသည့် တော်လှန်ရေးသမားများကြောင့် ယခုအခြေအနေ ကြုံရ ခြင်းဟု အပြစ်တင်ဝေဖန်ထားသည်။ 


မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် နှိမ်နင်းမှုကြုံတွေ့ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်။ ယင်းတို့အနေဖြင့် အကျဉ်းကျခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ဆန္ဒပြသူများက ဆိုသည်။ တရားဝင်ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ သြဂုတ်လ ၉ ရက်က ကျင်းပ ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဘီလာရုစ်နိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် လူကာရှန်ကိုက မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် တီခါနော့ဗ်စကာယာက မဲရလဒ် ၁၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ 


သို့သော် ရွေးကောက်ပွဲတွင် လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူများ မရှိခဲ့ရာ မဲမသမာမှုများ အကြီး အကျယ် ဖြစ်ပေါ်ခဲ့သည်ဟု အတိုက်အခံအဖွဲ့က စွပ်စွဲခဲ့သည်။ ရွေးကောက်ပွဲအပြီး တစ်ရက်အကြာတွင် လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ပြေးခဲ့သည့် တီခါနော့စကာယာက နောက်ဆုံးအချိန်အထိ ကြံ့ကြံ့ခံရင်ဆိုင် သွားမည်ဟု ကြုံးဝါးထားသည်။                                                    


KNT






အခြားဆက်စပ်သတင်းများ