နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနားမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြစ်ကြီးနား ဧပြီ ၂၀ ဧပြီ ၁၉ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ နယ်မြေ(၁၁)၊ အိမ်အမှတ် (၄၅၂)ရှိ ကိုကိုအောင်(ခ)အောင်ကြီး၏ နေအိမ်ဆိုင်ခန်းကိုရှာဖွေရာ ၎င်းနှင့်အတူ ပေါက်စ၊ ဖြိုးဝေထွန်းတို့အား တွေ့ရှိပြီး ယင်းတို့ ၃ ဦး ထိုင် နေသည့်ရှေ့ထိုင်ခုံပေါ်နှင့် ဆောင်းဘောက်အတွင်းတို့မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄,၅၅၄ ပြား၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကိုကိုအောင်(ခ) အောင်ကြီး (၃၃)နှစ်၊ ပေါက်စ(၅၂)နှစ်၊ ဖြိုးဝေထွန်း(၄၂)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ