နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၄


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၃ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အလယ်ကျေးရွာအုပ်စု၊ မြေတိုင်(၂၂)ဗိုလ်အောင်ကျော်လမ်းမပေါ်၌ ရဲထက်ထံမှ အရိုးအသွား(၇)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၇ နာရီခွဲအချိန်တွင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်၌ ကျော်ဇေယျာမျိုးထွဋ် ထံမှ အရိုးအသွား (၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီခွဲအချိန်တွင် (၁၆)ရပ်ကွက်၊ ရွှေညောင်လမ်းမကြီးပေါ်၌ နေလင်းထွန်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ 

မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ ပုလဲလမ်းမပေါ်၌ မောင်မောင်စိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက် ရုံးရှေ့၌ ကျော်ကိုကိုထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ် အချိန်တွင် ကျော်ကျော်ဦးထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ချစ်မင်းကိုကိုထံမှ အရိုးအသွား(၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီခွဲအချိန်တွင် (၂၃)ရပ်ကွက်၊ မြစ်ကြီးနားလမ်းမပေါ်၌ ဟိန်းလင်းထွန်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ