နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂) ရဲကင်းမှ နယ်ထိန်းတစ်ဦး ကားတိုက်ခံရ၍ သေဆုံး

ရန်ကုန် ဩဂုတ် ၂၃


လှိုင်သာယာမြို့နယ်မှ ဒုတပ်ကြပ်အဆင့်နယ်ထိန်းတစ်ဦးမှာ ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့မ ရဲစခန်းမှ အမှတ်(၂)ရဲကင်းတွင် တာဝန်ထမ်း ဆောင်နေသော ဒုတပ်ကြပ်အဆင့်နယ်ထိန်းအသက် (၃၀နှစ်)အရွယ်ကိုကျော်ခိုင်သည် ဩဂုတ် ၂၁ ရက်  ည၈နာရီ  ၄၀ မိနှစ်ခန့်က လှိုင်သာယာမြို့နယ် စနေမမှတ်တိုင် အနီးရှိ"ရွှေတတ်လူ"ထမင်းဆိုင်သို့ထမင်းသွားစားရန်ဆိုင်ကယ်ဖြင့်ထွက်ခွာလာပြီးရန်ကုန်-ပုသိမ်လမ်းအတိုင်း အရှေ့ ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့်ကုန်ကားအား ဆိုင်ကယ်ဖြင့်ကျော်တတ်စဉ် လမ်းလယ် ဘလောက်တုံးကို တိုက်မိပြီး တစ်ဖက်ယာဉ်ကျောသို့ ရောက်ရှိသွားကာအနောက်ဘက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကုန်ကားနှင့်ချိတ်မိပြီး ဆိုင်ကယ်တိမ်းမှောက်၍ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

"သေဆုံးသူ ဒုတပ်ကြပ်က စနေမမှတ်တိုင်အနီးမှာရှိတဲ့ 'ရွှေတတ်လူ' ထမင်းဆိုင်သို့ ထမင်းစားသွားတာ စနေမမှတ်တိုင်နားမှာတိုက်တာ ယာဉ်မောင်းက ကားနဲ့အတူထွက်ပြေးနေတယ် စုံစမ်းနေတုန်းပါ" ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဒုတပ်ကြပ်ကျော်ခိုင် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ၎င်းအား တိုက်သွားသည့် ကုန်တင်ယာဉ် မောင်းနှင်သူစုံစမ်းဆဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ ယာဉ်(ပ) ၇၅/၂၀၂၀၊ ရာဇာသတ်ကြီး ပုဒ်မ ၃၀၄-က /၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးရမိရေးစုံစမ်းနေကြောင်း သိရသည်။

ရွေမြင့်ဦး(ရွေပြည်သာ)






အခြားဆက်စပ်သတင်းများ