နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၁၂ နှစ်အထက် ကလေးငယ်များ နှာခေါင်းစည်းတင်ဆင်သင့်ဟု WHO ညွှန်ကြားချက်ထုတ်ပြန်

ဩဂုတ် ၂၃၊ ဂျီနီဗာ


အသက် ၁၂ နှစ်အထက်ရှိသည့် ကလေးများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်သင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ကလေးများ၏ ဗိုင်းရပ်စ်ကူးစက်မှုနှင့် ပတ်သက်၍ အနည်းအကျဉ်းသာ သိရသေးသော်လည်း တွေ့ရှိထားသည့် သက်သေအချက်အလက်များအရ ဆယ်ကျော်သက်များအနေဖြင့် အရွယ်ရောက်ပြီးသူများနည်းတူ အခြားသူများကို ဗိုင်းရပ်စ်ကူးစက်စေနိုင် သည်ဟု WHO က ဆိုသည်။ ပုံမှန်အားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်များအနေဖြင့် နှာခေါင်းစည်း မတပ်ဆင်သင့်ကြောင်း WHO က ပြောသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အနည်းဆုံး ၂၃ သန်းရှိနေပြီး လူ ၈၀၀၀၀၀ ကျော် သေဆုံးခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံများမှ ဖြစ်သည်။ သို့သော် ရောဂါစစ်ဆေးသည့် အတိုင်းအတာနည်းပါးခြင်း၊ ရောဂါလက္ခဏာ မပြသူများရှိခြင်း စသည့်အချက်များကြောင့် အမှန်တကယ် ကူးစက်ခံရသူပမာဏက ထုတ်ပြန်ထားသည့် ပမာဏထက် ပိုများမည်ဟု ယုံကြည်ထားကြသည်။ 

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း တောင်ကိုရီးယား၊ ဥရောပနိုင်ငံများနှင့် လက်ဘနွန်နိုင်ငံ စသည့် ဒေသမတူညီသည့် နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ နှစ်နှစ်နီးပါး ကြာမြင့်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲ ဂီဘရီယီဆက်က ပြောခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကို လုံးဝတိုက်ဖျက်နိုင်ဖွယ် မရှိသည့်အတွက် လူများအနေဖြင့် ကာကွယ်ဆေးပုံမှန်ထိုးနှံကြရဖွယ်ရှိသည်ဟု ဗြိတိန်နိုင်ငံမှ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက သတိပေးထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ