နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုကို ဘေးအန္တရာယ်ဆိုး ကြုံတွေ့မှုအဖြစ် ဒေါ်နယ်ထရမ့် ကြေညာ

ဩဂုတ် ၂၃၊ ဝါရှင်တန်


ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ်များနှင့် အဖိုးတန်သစ်တောများကို ဝါးမြိုနေသည့် ဧရာမ တောမီးလောင်ကျွမ်းမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘေးအန္တရာယ်ဆိုး ကြုံတွေ့မှုအဖြစ် ကြေညာခဲ့ပြီး ပြည်ထောင်စု အထောက်အပံ့များ ပေးအပ်ခဲ့သည်။ ဧကတစ်သန်းနီးပါး လောင်ကျွမ်းခဲ့သည့် တောမီးလောင်ကျွမ်းမှု ၅၈၅ ခုကို မီးသတ်သမား ၁၄၀၀၀ ကျော်က ငြှိမ်းသတ်လျက်ရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ်ပေါ်တွင် လေရူးများ လွှမ်းခြုံနေရာ လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ထူထပ်သည့်ဒေသများကို တောမီးကူးစက်ပျံ့နှံ့သွားဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

တောမီးများ လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ တောင်တန်းပေါများပြီး သစ်တောထူထပ်သည့် ဝေးလံခေါင်သီရာဒေသများမှ ဧရာမ မီးလောင်ကျွမ်းမှု သုံးခုကြောင့် ပျက်စီးဆုံးရှုံးမှုအများစု ဖြစ်ပေါ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ သက်တမ်းအရင့်ဆုံးဥယျာဉ်ရှိ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိသည့် သစ်နီပင်များလည်း မီးလောင်ကျွမ်းခဲ့သည်။ မီးသတ်သမားများမှာ အန္တရာယ်များပြီး အလွန်ပူပြင်းသည့် အခြေအနေတွင် ၇၂ နာရီ တစ်ဆိုင်းနှုန်းဖြင့် မီးငြှိမ်းသတ်နေရခြင်းကြောင့် ခြေကုန်လက်ပန်းကျနေပြီဟု ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ