နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီလာရုစ်နယ်စပ်တွင် စစ်သည်များ နေရာချနေသည်ဆိုသည့် သမ္မတလူကာရှန်ကို၏ စွပ်စွဲချက်ကို နေတိုးအဖွဲ့ ငြင်းဆန်

ဩဂုတ် ၂၃၊ မင့်စ်


ပြည်ပအင်အားကြီးနိုင်ငံများက ဘီလာရုစ်နိုင်ငံနယ်စပ်တွင် စစ်သည်များ နေရာချနေသည်ဆိုသည့် ဘီလာရုစ်သမ္မတ လူကာရှန်ကို၏ ပြောကြားချက်များမှာ အခြေအမြစ်မရှိကြောင်း နေတိုးအဖွဲ့က ပြောသည်။ လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်က ကျင်းပခဲ့သည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ရှိ လမ်းများပေါ်တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဆန္ဒပြသူများက သမ္မတ လူကာရှန်ကိုကို ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့ကြသည်။ လူကာရှန်ကိုမှာ ဘီလာရုစ်နိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့သူဖြစ်သည်။ နေတိုးအဖွဲ့က ဘီလာရုစ်နိုင်ငံကို နှစ်ခြမ်းကွဲအောင်လုပ်ပြီး မင့်စ်မြို့တွင် သမ္မတအသစ် တင်မြှောက်ရန် ကြိုးစားနေသည်ဟု လူကာရှန်ကိုက ပြောသည်။ ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံများရှိ စစ်သည်များမှာ အသင့်အနေအထား ပြင်ဆင်နေကြကြောင်း၊ ထို့ကြောင့် ယင်းအနေဖြင့် ဘီလာရုစ်လက်နက်ကိုင်တပ်ဖွဲ့များကို အနောက်ပိုင်းနယ်စပ်သို့ စေလွှတ်ထားကြောင်း လူကာရှန်ကိုက ဆိုသည်။

''သူတို့တွေက အာဏာပိုင်တွေကို ဖြုတ်ချပြီး ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေ ပိုယိမ်းယိုင်အောင် လုပ်နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နယ်မြေစည်းလုံးခိုင်မြဲရေးကို ကာကွယ်ဖို့အတွက် အတင်းကျပ်ဆုံးစည်းမျဉ်းတွေ ချမှတ်ဖို့ လုံခြုံရေးအကြီးအကဲတွေကို ညွှန်ကြားထားပါတယ်''ဟု လူကာရှန်ကိုက ဆိုသည်။ သို့သော် နေတိုးအဖွဲ့က အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး နေတိုးအဖွဲ့အနေဖြင့် ဘီလာရုစ်နိုင်ငံ သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ခြင်းမရှိကြောင်း၊ အဆိုပါဒေသတွင် စစ်သည်များ နေရာချခြင်းမရှိကြောင်း၊ ယင်းတို့၏ ရပ်တည်ချက်မှာ ကာကွယ်ရေးသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ