နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌နွေးထွေးစွာ လွှမ်းခြုံ

ရန်ကုန်   ဩဂုတ်  ၂၃

မွေးစမှ အသက် ၁၈ နှစ် မပြည့်သေးသူများကို UNCRC အရ ကလေးဟု သတ်မှတ်ထားသည်။ ကလေးများ ဘဝကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးပံ့ပိုးပေးရန် လူတိုင်းတွင်တာဝန်ရှိသည်။ ကလေးများသည် အနာဂတ် ခေါင်းဆောင်များဖြစ်ကြပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်ခေါင်းဆောင်များ မွေးထုတ် ပေးရာရောက်သည်။

မိဘများသည် ယင်းတို့ ပင်ပန်းနေချိန် (သို့မဟုတ်) စိတ်ဖိစီးမှုရှိနေချိန်တွင် ကလေးများကို ရိုက်နှက်ဆုံးမခြင်း၊ အရှက်ရစေခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
သို့သော် ရိုက်နှက်ခြင်း၊ အရှက်ရအောင်ပြုမူခြင်းနှင့် အခြားကြမ်းတမ်းသည့် နည်းလမ်းများသည် ကလေး များအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ မိမိကိုယ်မိမိ  ယုံကြည်မှုလျော့ကျစေခြင်း၊ ကလေးအားကြောက်စေပြီး စိတ်ဓာတ်ကျစေခြင်း၊ ရန်လိုတတ်ခြင်း၊ ဒေါသနှင့် ဝမ်းနည်းသိမ်ငယ်ခြင်းတို့ ဖြစ်စေခြင်း၊ မိဘနှင့် ကလေး  ဆက်ဆံရေးပျက်စေခြင်းတို့ ဖြစ်ပေါ်စေသည်။ ကလေးများအား ရိုက်နှက်ခြင်းနှင့် အရှက်ရစေရန် အပြစ်ပေးခြင်း ဖြင့် ကလေးများအား မသွန်သင်နိုင်ပါ။

စည်းကမ်းဆိုသည်မှာ သင်ကြားလမ်းညွှန်ခြင်းကို ဆိုလိုသည်။ အပြုသဘောဆောင်သော သင်ကြား လမ်းညွှန်ခြင်းဆိုသည်မှာ ကလေးများအား လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကလေးများ၏ သင်ယူမှုတွင် ပါဝင်ခွင့်ပေးခြင်းဖြင့် ကလေး များ၏ အမူအကျင့်များကို လမ်းညွှန်ပေးသည့် ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ ဆယ်ကျော်သက်အရွယ်များသည် လွတ်လပ်နေချင်သည့် သူတို့၏ဆန္ဒများကိုလေးစားပြီး မိဘတို့၏ ယုံကြည်မှုကို ပြသသင့်သည်။

မိဘသည် ဘဝပေးအခြေအနေအရ နိမ့်ပါးနေသော်လည်း သားသမီးများအနေဖြင့် ဘဝမြင့်မားသည်ထက် မြင့်မားအောင် ကြိုးစားအားထုတ်ရမည်သာဖြစ်သည်။ ကလေးများနှင့် သက်ဆိုင်သော ကျန်းမာရေး၊ ပညာရေး၊ လူမှုဆက်ဆံရေးစသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်သည်။ သားသမီးများကို ချစ်ခြင်း မေတ္တာနှင့် နွေးထွေးစွာလုံခြုံသင့်သည်။ ရိုးရှင်းသော စည်းကမ်းချက်နှင့် လိုက်နာနိုင်သော ကန့်သတ်ချက်တို့ကို သားသမီးများအပေါ် တစ်သမတ်တည်းထားရှိသင့်သည်။
သား၊သမီးများအနေဖြင့် ကောင်းစွာပြုမူနေထိုင်ခြင်းဖြင့် မိဘများဂုဏ်တိုးပွားစေသကဲ့သို့ ရာထူးဂုဏ်၊ အကျင့်စာရိတ္တဂုဏ်၊ စည်းစိမ်းဂုဏ်တို့ ပြည့်ဝသော သားကောင်း သမီးမွန်များဖြစ်ရေး ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် မိဘများ၏ မျှော်လင့်ချက်ကို သားသမီးများက အဓိကကျသည်ဟု ဆိုချင်ပါကြောင်း ။         ။






အခြားဆက်စပ်သတင်းများ