ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများထဲမှ စောင့်ကြည့်ရန်လိုအပ်သူများကို Quarantine ၁၀ ခုတွင်ထားရှိ၍ စောင့်ရှောက်ထားကြောင်း သိရသည်။ နတ်တလင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျား ၆ ဦး၊ မ ၁၀ ဦး၊ ဒမငယ်ကျေးရွာ အထကတွင် ကျား ၁၆ ဦး၊ မ ၁ ဦး၊ တာပွန်မြို့အထကတွင် ကျား ၁၃ ဦး၊ မ ၂ ဦး၊ အောင်ဇေယျာကျေးရွာ အ-ထ-ကတွင် ကျား ၁၁ ဦး၊ မ ၁ ဦး၊ ချဉ်ယုတ်ကွင်းကျေးရွာ အ-ထ-ကတွင် ကျား ၁၉ ဦး၊ မ ၆ ဦး၊ ပဲမခမ်းကျေးရွာ အ-လ-ကတွင် ကျား ၄ ဦး၊ မ ၁ ဦး၊ ပွတ်စုကျေးရွာ အ-လ-ကတွင် ကျား ၁၁ ဦး၊ ပေါက်တုန်းကျေးရွာ အ-လ-ကတွင် ကျား ၂ ဦး နှင့် ရေမွေးကျေးရွာတွင် သီးသန့်နေအိမ်နှင့်နေသူကျား ၆ ဦးဖြစ်၍ စုစုပေါင်းလူဦးရေ ၁၀၉ ဦးဖြစ်သည်။ အဆိုပါစာရင်းမှာ မတ် ၂၈ ရက်၊ ညနေ ၆ နာရီအထိ ပြုစုထားသောစာရင်းဖြစ်သည်။ ဆက်လက်၍ ပြန်လည်ရောက်ရှိလာမည့်သူများကို နတ်တလင်းမြို့နယ် ရန်ကုန်-ပြည်လမ်း ဘူတာရုံနောက်တွင် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ဝင်းမြင့်(နတ်တလင်း)