နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုက်တိုင်ဆန်နဲ့ပွဲကနေ နုတ်ထွက်မယ်လို့ ရွိုင်ဂျုံးစ်ခြိမ်းခြောက်၊ အေမာခမ်းကလည်း ဒီလာဟိုယာကို စိန်ခေါ်

ဩဂုတ်  ၂၃

ယခုဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ဦးဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ ရွိုင်ဂျုံးစ်တို့နဲ့ပွဲကို မူလက စက်တင်ဘာ  ၁၂ ရက်နေ့မှာ ထိုးသတ်ဖို့စီစဉ်ထားပေမယ့် တစ်ပွဲကြည့်တစ်ပွဲပေးအစီအစဉ် ဝယ်ယူကြည့်ရှုသူပိုများစေရန် နိုဝင်ဘာလ ၂၈ ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ခုလို ရွှေ့ဆိုင်းခဲ့တာကို  သူ့အား တိုင်ပင်ခြင်းမရှိတာကြောင့် ရွိုင်ဂျုံးစ်မကျေမနပ်ဖြစ်နေပြီး သင့်လျော်တဲ့နစ်နာကြေးမရပါက မိုက်တိုင်ဆန်နဲ့ထိုးရန်စီစဉ်ထားခြင်းမှ နုတ်ထွက်ရမယ်လို့ အမေရိကန်လက်ဝှေ့သမားဟောင်း ရွိုင်ဂျုံးစ်က ခြိမ်းခြောက်ခဲ့ပါတယ်။ မိမိကဲ့သို့ အချိန်ပိုင်း သာလက်ဝှေ့ထိုးသူတစ်ဦးအတွက် ရက်ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် လေ့ကျင့်ရေးအစီအစဉ်များ ကမောက်ကမ ဖြစ်ခဲ့ သလို အခြားဝင်ငွေရနိုင်သည့် အခွင့်အလမ်းများလည်းထိခိုက်နိုင်တဲ့အတွက် နစ်နာကြေးပေးရန် ရွိုင်ဂျုံးစ်က တောင်းဆိုခြင်းဖြစ်ပါတယ်။

လက်ဝှေ့ကြိုးဝိုင်းထဲပြန်ဝင်ရန် စဉ်းစားနေတဲ့ အော်စကာဒီလာဟိုယာကို အေမာခန်းကစိန်ခေါ်ခဲ့ပါတယ်။ အသက် ၄၇ နှစ်ရှိ ဒီလာဟိုယာမှာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပက်ကွီအိုကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အနားယူနေရင်းလက်ရှိ မှာ   Golden Boy ပွဲသွင်းသည့်ကုမ္ပဏီကို စီမံခန့်ခွဲနေပါတယ်။ မတူညီတဲ့ ဝိတ်တန်း ခြောက်ခုမှာ ကမ္ဘာ့ချန်ပီယံဆု ၁၁ ဆုရရှိခဲ့ဖူးတဲ့ ဒီလာဟိုယာသာပြန်ထိုးမည်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ချင်ပါတယ်လို့ အေမာခန်းကတွစ်တာတွင်ရေးပြီး စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။                                      

(SO)






အခြားဆက်စပ်သတင်းများ