နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ဗိုလ်လုပွဲ အီတလီဒိုင် အော်ဆာတို ကိုင်မယ်

ဩဂုတ်  ၂၃

ယခုချန်ပီယံလိဂ်ပွဲစဉ်အား အီတလီဒိုင်လူကြီး ဒါလီနီအော်ဆာတို ကိုင်တွယ်မယ်လို့သိရပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိ အော်ဆာတိုဟာ ယခုရာသီချန်ပီယံလိဂ် ၈ ပွဲကိုကိုင်တွယ်ခဲ့ပါတယ်။
 ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ဟာ အီတလီမှဖြစ်ကာစတုတ္ထဒိုင်မှာ ရိုမေးနီးယားမှဖြစ်ပါတယ်။

ကျန် VAR ဒိုင်များမှာ အီတလီနဲ့ စပိန်တို့မှဖြစ်ကြောင်းသိခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အော်ဆာတိုကိုင်တွယ်ခဲ့တဲ့ပွဲ သုံးပွဲကစားဖူးခဲ့ပြီး နှစ်ပွဲနိုင်တစ်ပွဲရှုံး၊ ဘိုင်ယန် ၅-၁ ဘင်ဖီကာ (၂၀၁၈)၊ ဘိုင်ယန် ၁-၃ လီဗာပူးလ်(၂၀၁၉)၊ ဆီဗီလာ ၁-၂ ဘိုင်ယန်(၂၀၁၈)တို့ ဖြစ်ကြပါတယ်။ PSG ဟာ အော်ဆာတိုကိုင်တွယ်ပွဲတစ်ပွဲကစားဖူးပြီး ၂၀၁၇ ဆဲလ်တစ်နဲ့ပွဲဖြစ်ကာ ၀-၅ အနိုင်ရခဲ့ပါတယ်။                                                                                         

(SO)






အခြားဆက်စပ်သတင်းများ