နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UEFA က စုံစမ်းမှုမလုပ်တော့ဘူးဆိုတော့ အလွန်ကံကောင်းတဲ့ နေမာ အကောင်းဆုံးဆုတောင် မှန်းနိုင်

ဩဂုတ်  ၂၃

ဩဂုတ် ၂၃ ရက်ညမှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG တို့ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ်ဆိုရင် နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုကို ရရှိနိုင်တယ်လို့ယူဆကြောင်း PSG တိုက်စစ် ကစားဖော် အမ်ဘာပေ ကပြောကြားလိုက်ပါတယ်။
COVID ကြောင့် ဒီဆုကိုမပေးတော့ဟုဆိုပေမယ့် ဒီရာသီမှာ ကမ္ဘာ့အကောင်းဆုံးကစားသမား မည်သူ ဖြစ်သင့်တယ်ဆိုတာကိုတော့ အငြင်းပွားမှုတွေရှိနေပါတယ်။ အမ်ဘာပေက PSG သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်သို့ ပထမဆုံးအကြိမ်တက်ရောက်လာခဲ့ရာမှာ နေမာရဲ့ဦးဆောင်မှုများက အဓိကကျနေတာကြောင့် ချန်ပီယံလိဂ်သာရမယ်ဆိုပါက နေမာသာအကောင်းဆုံးဆုကိုရသင့်တယ်လို့ မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ နေမာဟာ လိုက်ပ်ဇစ်ကို ၃-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ မာဆယ်ဟယ်စတန်ဘတ်နဲ့ အင်္ကျီလဲခဲ့တာကြောင့် COVID စည်းမျဉ်းချိုးဖောက်မှုကြောင့် ဗိုလ်လုပွဲမှာပွဲပယ်ခံရမယ့် အရေးကိုစိုးရိမ်နေပါတယ်။ ယခုတော့ အဲဒီကိစ္စကို UEFA က စုံစမ်းတော့မည်မဟုတ်လို့ အတည်ပြုလိုက်တာကြောင့် နေမာဟာအလွန်ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို တောင်ချိန်ရွယ်နိုင်ခဲ့ပါတယ်။                               

(SO)






အခြားဆက်စပ်သတင်းများ