နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု အိန်ဂျယ်လီခါဘာ ပြော

ဩဂုတ်  ၂၃

ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း အိန်ဂျယ်လီခါဘာက ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန်ဂျယ်လီခါဘာသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ယင်းပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် မသေချာသေး ကြောင်း ပြောကြားခဲ့သော်လည်း ကျန်းမာရေးအခြေအနေ ပြန်လည်ဆန်းစစ်ပြီးနောက် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

COVID-19 ရောဂါကြောင့် ကမ္ဘာ့အဆင့် ကစားသမားအများစုသည် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြသော်လည်း အိန်ဂျယ်လီခါဘာက အဆိုပါပြိုင်ပွဲသည် ဂရင်းစလန်းပြိုင်ပွဲအမျိုးအစားဖြစ်သည့် အတွက် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အိန်ဂျယ်လီခါဘာက “တင်းနစ်ကွင်းထဲဝင်ပြီး ပြိုင်ပွဲဝင်ဖို့ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ဂရင်းစလန်း တင်းနစ် ပြိုင်ပွဲအမျိုးအစားဖြစ်တဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေးဟာ တင်းနစ်ကစား သမားတိုင်းရဲ့ အိပ်မက်ပါ။ ဒါကြောင့် ကျွန်မနဲ့ နည်းပြအဖွဲ့တွေ တိုင်ပင်ပြီး ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။
                                                                                                              
(သူရိန်)






အခြားဆက်စပ်သတင်းများ