နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလား ၃ လုံး ရည်မှန်းချက်အသင်းနဲ့ ဖလား ၄ လုံး ရည်မှန်းချက်အသင်းတို့ရဲ့ ဗိုလ်လုပွဲ

ဩဂုတ်  ၂၃

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဖလား  ၄ လုံးရယူပိုင်ဆိုင်လိုမှုကို ရည်မှန်းချက်ထားယှဉ်ပြိုင်တဲ့ PSG  အသင်း နဲ့ ဖလား  ၃ လုံးပိုင်ဆိုင်လိုမှုကို ရည်မှန်းချက်ထားနေတဲ့ ဘိုင်ယန်မြူးနစ်တို့  မိမိတို့ရည်မှန်းချက်အောင်မြင် ရေးကို ရေကုန်ရေခန်းပွဲကြမ်းကြမ်းနဲ့ အားသွန်ခွန်စိုက်ကြိုးစားအားထုတ်ကြမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ပြင်သစ် PSG ကဂျာမနီကလပ်ကို အနိုင်ယူခဲ့သလို ဂျာမနီဘိုင်ယန်မြူးနစ်ကလည်း ပြင်သစ် ကလပ်ကို အနိုင်ယူတက်လာတာပါ။

PSG သာ အနိုင်ရဗိုလ်စွဲခဲ့မယ်ဆိုရင် ကလပ်သမိုင်းမှာ စံချိန်သစ်တင်သွားနိုင်မှာပါ။ ကစားသမားခေါ်ယူမှုမှာ ယူရိုတစ်ဘီလျံအထိသုံးစွဲမှုနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်နိုင်တဲ့ PSG ရဲ့ခြေစွမ်းဟာ အုပ်စုအဆင့်မှာ တော်တော်လေးကောင်းခဲ့ပြီး ရှုံးထွက်အဆင့်မှာတော့ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ လုံးဝအကောင်းဆုံးပွဲလို့ ပြောရမှာဖြစ်ပါတယ်။ အတ္တလန္တာနဲ့ပွဲမှာ PSG ထင်တိုင်းမပေါက်ခဲ့ဘဲ ကံကောင်းစွာနဲ့ နောက်ကျဂိုးကြောင့် အနိုင်ရခဲ့တာပါ။ တကယ်အရေးကြုံလာရင် နည်းပြတူချယ်ရဲ့ ဗျူဟာချမှတ်ပုံတွေ၊  လူစားလဲပုံတွေ တိကျမှန်ကန်ခဲ့တာကို တွေ့ရပါတယ်။ နောက်ရီးရဲလ်နဲ့ ချန်ပီယံလိဂ် သုံးနှစ်ဆက်ရခဲ့တဲ့ ဂိုးသမားနာဗက်စ်ကိုရလိုက်တာဟာ ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပါပဲ၊ လက်ရှိ PSG မှာ အပြစ် ပြောစရာသိပ်မရှိလှဘဲ ရှာရှာဖွေဖွေပြောရမယ်ဆိုရင်တော့ အသင်းနဲ့ အသင်းရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲ သမိုင်းကြောင်း မရှိတာပါပဲ။ နေမာ၊ အမ်ဘာပေတို့လို ကမ္ဘာ့ထိပ်သီးအဆင့်နေရာဝင်နိုင်တဲ့ အရန်ကစားသမား မရှိတာပါဘဲ။

ဘိုင်ယန်မြူးနစ်ကတော့ တကယ့်ချန်ပီယံခြေစွမ်းနဲ့ ဗိုလ်လုပွဲကိုတက်လာခဲ့တာပါ။ ဘိုင်ယန်ဟာ ဒီရာသီမှာဂိုးမိုး တွေရွာခဲ့ပါတယ်။ မန်စီးတီးနဲ့ ဂျူဗင်တပ်တို့ကိုဖြုတ်ချခဲ့တဲ့ လိုင်ယွန်နဲ့ပွဲမှာ လုံးဝပေးဂိုးမရှိဘဲ သုံးဂိုးပြတ်နိုင်ခဲ့တာပါ။ ဘိုင်ယန်က PSG နဲ့ ပြောင်းပြန်ဈေးကြီးပေးဝယ်ထားတဲ့သူတွေကို အရန်ခုံထားပြီး လက်ရှိလိုင်းအပ်ဝင်သူတွေက လူငယ်စီမံကိန်းကပေါ်ထွက်လာသူတွေ၊ ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ဒါမှမဟုတ် အလွတ်ခေါ်သူအများစုဖြစ်နေတာက ထူးခြားမှုတစ်ခုပါ။  ဘိုင်ယန်ဟာ အစဉ်အဆက်တောင်ပံတိုက်စစ် အားပြုကစားတဲ့အသင်းဖြစ်ပြီး ရော်ဘင်၊ ရီဘာရီတို့ ခေတ်လွန် ဂျနာဘာရီတို့ခေတ်ကိုရောက်နေပါပြီ။ လိုင်ယွန် မှာသွင်းပြခဲ့တဲ့ ဂျနာဘာရီရဲ့ဂိုးဟာ ခွန်အားရော၊ ပြေးအားသာမက ဂိုးသွင်းတိကျသေသပ်မှုကိုပါပြနေပါ တယ်။ ပွဲတိုင်းဂိုးတွေသွင်းခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီပွဲမှာတော့ ဂိုးသွင်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘိုင်ယန်ဟာလိုင်ယွန်နဲ့ပွဲမှာ ဂိုးမပေးရတာက ကောင်းလွန်းလို့ပါ။ PSG က လိုင်ယွန်ထက် ဂိုးသွင်းပိုသေချာသလို တစ်ဦးချင်း  SOLO ထွက်နိုင်သူတွေလည်းရှိပါတယ်။ တစ်ရာသီလုံး ငါးဂိုးသာပေးရသေးပေမယ့် ဘိုင်ယန် တိုက်စစ်ကို PSG  ထိန်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီနှစ်သင်းအားအင်အပြည့်အဝသုံးပြီး တင်းတင်းရင်းရင်းယှဉ်ပြိုင်ကစားကြမှာဆိုတော့ ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။                                                                      

(SO)






အခြားဆက်စပ်သတင်းများ