နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Active Noise Cancellation စနစ်ပါဝင်သည့် Huawei Freelace Pro ကြိုးမဲ့နားကြပ်သစ်

ဩဂုတ် ၂၃

Huawei Freelace Pro ကြိုးမဲ့နားကြပ်သစ်ကို ကြေညာလာပြီး အဆိုပါ နားကြပ်သစ်မှာ လည်ပင်းတွင် ဆွဲ၍ သုံးနိုင်သည့်ဒီဇိုင်း အသုံးပြုထားသည်။ ထို့ပြင် Noise Reduction စနစ်လည်း ပါဝင်သည်။

Huawei Freelace Pro မှာ Dual Active Noise Cancellation ပါဝင်ပြီး အမြင့်ဆုံး 40dB အထိ လျှော့ချနိုင်သည်။ သီချင်းနားထောင်နေရင်း ပတ်ဝန်းကျင်အသံကိုလည်း ကြားနိုင်မည့် Mode လည်း ပါဝင်သည်။

အားသွင်းမှုကို USB Type C မှတစ်ဆင့် ပြုလုပ်ရမည်ဖြစ်ပြီး ၆ မိနစ် အားသွင်းရုံဖြင့် သီချင်း ၅ နာရီအထိ နားထောင်နိုင်သည်။ အားအပြည့်သွင်းထားပါက သီချင်းနားထောင်မှုကို ၂၄ နာရီအထိ ပြုလုပ်နိုင်သည်။ 14mm Dynamic Coil သုံးထားခြင်းကြောင့် အသံအရည်အသွေးကောင်းမွန်ကာ Active Noise Cancellation အတွက် မိုက်ခရိုဖုန်းသုံးလုံးအထိ အသုံးပြုထားသည်။

Huawei Freelace Pro ကို Obsidian Black ၊ Green ၊ Morning White အရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ၈၆ ဒေါ်လာ သတ်မှတ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ