နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားနပ်ရိက္ခာများကို မြို့နယ်တွင်းပြည်သူများ အဆင်ပြေစွာ ဝယ်ယူရရှိနိုင်စေရန် We Love Inseinမှ အိမ်တိုင်ရာရောက် ရောင်းချ

ရန်ကုန် ဧပြီ ၂၀ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများ Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန် ပြည်သူများ အစားအသောက်အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ကွေကာအုပ်၊ ငါးသေတ္တာဘူးများကို အမျိူးအစား သုံးမျိူးခွဲ၍ သက်သာချောင်ချိသောဈေးနှုန်းဖြင့် ပြည်သူများထံ လက်ဝယ်အရောက်ပို့ဆောင်ကာ ဝန်ဆောင်မှု ပေးလျက်ရှိသော (we love insein) အမည်ဖြင့် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး ဦးဝင်းနိုင်တို့ ဦးဆောင်ကာ စည်ပင်ရုံးဝန်ထမ်းများနှင့် စနစ်တကျထုပ်ပိုး၍ အိမ်အရောက်ငွေချေစနစ်ဖြင့် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ အင်းစိန်မြို့နယ်တွင်းနေထိုင်သူ မည်သူမဆို ဖော်ပြပါဖုန်းနံပါတ်များဖြစ်သည့် ဦးသိန်းသန်း အင်းစိန် စည်ပင်ဥက္ကဋ္ဌ (09401620899)၊ ဦးဝင်းနိုင် အင်းစိန်စည်ပင်အတွင်းရေးမှူး (09977275134)၊ ဦးကျော်သူဟန် လက်ထောက်အုပ်ချူပ်ရေးမှူး (09420150914)နှင့် ဦးနေဝင်းသိန်းသတင်းပြန်ကြားရေး(စည်ပင်)(097660-60031) ထံသို့ ဆက်သွယ်မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ