နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန့်ဆည်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပေါက်မြို့နယ်ဒေသများတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

တန့်ဆည် ဩဂုတ် ၂၂


တန့်ဆည်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့်ပေါက်မြို့နယ်ဒေသများတွင်တရားမဝင်သစ်များဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဋ္ဌာန၏ ဩဂုတ် ၂၀ ရက်နေ့ထုတ်ပြန်သတင်းများအရ သိရသည်။

ဩဂုတ် ၂၀ ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ နတ်စင်တောင်(မဟာမြိုင်)စုပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ်(NPW3B/7894)UDယာဉ်ပေါ်မှ တရားမဝင်သစ်ယာ/အင်ခွဲသား(၂၆၉)ချောင်း၊ တန်ချိန်အားဖြင့်(၄)တန်အားတရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့်တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဩဂုတ် ၁၉ ရက်နေ့တွင်လည်း မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြာညှပ်ဘိနယ်၊ ဧရာဝတီမြစ်အနောက်ဘက်လမ်း၊ လယ်ကြီးစခန်းမှ တရားမဝင်ကညင်သစ် (၁၅)လုံး (၄၆)တန်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးရမိရာတွင် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိသဖြင့် တရားခံများကို စုံစမ်း ရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဩဂုတ် ၁၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ                         လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး  ရဲတပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ပေါက်မြို့နယ်၊ အမှတ်(၃)ဘိနယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၅၆)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/အင်ကြင်းခွဲသား(၁၁၆)ချောင်း(၁၄)တန်အားဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးရမိရာတွင် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်း မရှိသဖြင့် တရားခံများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် နေကြောင်းသိရသည်။

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ