နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WLC ရဲ့ ပထမဆုံးအမျိုးသမီးချန်ပီယံဖြစ်လာဖို့ စိတ်အားထက်သန်နေတဲ့ မိုင်ရှာကက်ဇ်

ဩဂုတ်  ၂၂


WLC ရဲ့ ပထမဆုံးအမျိုးသမီးချန်ပီယံခါးပတ်လုပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခွင့်ရလို့ စိတ်လှုပ်ရှားနေသူကတော့ မိုင်ရှာကက်ဇ် ဖြစ်ပါတယ်။ ဂျာမနီ-စပိန်နွယ်ဖွား မိုင်ရှာကက်ဇ်က ထိုင်းနိုင်ငံမှာ အခြေစိုက်နေထိုင်သူပါ။ တခြားအားကစားပြိုင်ပွဲတွေမှာ ပွဲ ၂၀ ယှဉ်ပြိုင်ပြီး ၁၇ ပွဲအနိုင်ရထားတဲ့ မိုင်ရှာကက်ဇ်အတွက် ဒီပွဲကပထမဆုံးလက်ဝှေ့ပွဲဖြစ်လာမှာပါ။  အသက် ၁၈ နှစ်ကတည်းက ကစ်ဘောက်ဆင်နဲ့ K 1 ကစားလာခဲ့ပြီး အသက် ၂၂ နှစ်မှာတော့ ထိုင်းနိုင်ငံမှာ မွေထိုင်းသင်ခဲ့ပါတယ်။ 

မိုင်ရှာကက်ဇ်က “လက်အိတ်မပါဘဲယှဉ်ပြိုင်ရတာက ကျွန်မကိုဆွဲဆောင်နေပါတယ်။ တိုက်ခိုက်ရေး အားကစားအားလုံးကိုလည်း ကြိုက်ပါတယ်။ လက်ဝှေ့က ကျွန်မအတွက် စိန်ခေါ်မှုအသစ်တစ်ရပ်လို့ ထင်ပါတယ်။ တစ်ရက်မှာ အလုပ်ချိန်က ၈ နာရီရှိပါတယ်။ ပြီးမှလေ့ကျင့်မှုတွေလုပ်ပါတယ်။ ကျွန်မရဲ့နည်းပြက ကျွန်မကိုဘယ်လိုပုံစံနဲ့ အကောင်းဆုံးအစွမ်းအစတွေထွက်လာအောင် လေ့ကျင့်ပေးရမယ်ဆိုတာသိပါတယ်။  လေ့ကျင့်တာကတော့ မွေထိုင်းပွဲယှဉ်ပြိုင်ဖို့ပြင်ဆင်တဲ့အတိုင်း လေ့ကျင့်တာပါ။  ပြိုင်ဖက် ဆိုရိစ်မန်ဖရက်ဒီဟာ အသည်းကောင်းတဲ့ လက်ဝှေ့မယ်ပါ။ သူ့ပွဲတွေကိုကြည့်ဖူးပါတယ်။ ထိပ်တန်းအဆင့်ပြိုင်ဘက်ကောင်းပါ။ ကျွန်မဒီပွဲကိုယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေတာကတော့ အမှန်ပါ။ ဒီပွဲကခပ်ကြမ်းကြမ်းပွဲဖြစ်လာမှာပါ။ ကျွန်မတို့နှစ်ဦးစလုံး ချန်ပီယံခါးပတ်ရဖို့ ရာနှုန်းပြည့်ပေးဆပ်ယှဉ်ပြိုင်ကြမှာပါ။ လက်အိတ်မပါဘဲ ယှဉ်ပြိုင်ရတဲ့ လက်ဝှေ့အားကစားကိုနှစ်သက်ပါတယ်။ ဒီပွဲစဉ်မှာ ယှဉ်ပြိုင်ခွင့်ပေးတဲ့ WLC ကို ကျေးဇူးတင်ပါတယ်”လို့ မိုင်ရှာကက်ဇ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။                      

   (SO)






အခြားဆက်စပ်သတင်းများ