နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီတစ်သင်းလုံးရဲ့ ကစားသမားတန်ဖိုးစုစုပေါင်း ယူရို ၇၇၉ ဒသမ ၄ သန်းဆိုပဲ

ဩဂုတ်  ၂၂


PSG အသင်းဟာ ပြင်သစ်လီဂူးဝမ်းကို လွှမ်းမိုးထားတာ နှစ်အတော်ကြာလာပါပြီ။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ အထိ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့အပြင် စုစုပေါင်း ချန်ပီယံကိုးကြိမ်ဖြစ်ခဲ့တဲ့အသင်းပါ။ PSG ကို ကာတာအားကစားရင်းနှီးမြှုပ်နှံမှု (QSI) က ပိုင်ဆိုင်ပြီး အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ခပ်သွက်သွက်ခပ်မြန်မြန် လှုပ်ရှားတတ်တဲ့အသင်းပါ။ PSG ဟာ  ကမ္ဘာ့စံချိန်တင်ဈေးတွေနဲ့ နေမာနဲ့အမ်ဘာပေတို့ကို ခေါ်ယူထား နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အပြောင်းအရွေ့ဈေးကွက်အတွင်းမှာ  စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားများခေါ်ယူခဲ့  သလို အမြတ်အစွန်းရရှိတဲ့ ရောင်းချမှုတွေလည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီဈေးကွက် အရ PSG တစ်သင်းလုံးရဲ့ အားကစားသမားတန်ဖိုးဟာ ယူရို ၇၇၉ ဒသမ ၄ သန်းအထိတန်ကြေးရှိနေပါတယ်။  PSG ဟာ နေမာကို ဘာစီလိုနာအသင်းကနေ ယူရို ၂၂၂ သန်းနဲ့ခေါ်ယူခဲ့သလို တိုက်စစ်မှူးဘာပေကို မိုနာကိုကနေ ယူရို ၁၄၅ သန်းနဲ့ ခေါ်ယူထားတဲ့အသင်း ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်၊ ဘာစီလိုနာကစားသမား နေမာ ဟာ ပေါ့ဂ်ဘာရဲ့ ယူရို ၁၀၅ သန်း၊ ဂါရတ်ဘေးလ်ရဲ့ ယူရို ၁၀၀ ဒသမ ၈ သန်းနဲ့ ရော်နယ်လ်ဒိုရဲ့ ယူရို ၉၄ သန်းစံချိန်တွေကို ကျော်တက်ခဲ့တာဖြစ်ပါတယ်။ PSG အသင်း ယူနိုက်တက်ကနေ တိုက်စစ်မှူး ဒီမာရီယာကို ယူရို ၆၃ သန်း၊ အင်တာတိုက်စစ်မှူး အီကာဒီကို ယူရို ၅၀ သန်းတို့နဲ့လည်း ခေါ်ယူထားပါသေးတယ်။ PSG တစ်သင်းလုံးရဲ့ တစ်ဦးချင်းခေါ်ယူဖို့အသုံးပြုခဲတဲ့ ပြောင်းရွှေ့ကြေးတွေ ကတော့ နေမာ-၂၂၂ သန်း၊ အမ်ဘာပေ-၁၄၅ သန်း+၃၅ သန်း၊ တေလာနာဗတ်စ်-၁၅ သန်း၊ သီလိုခါဟာ-၃၇ သန်း၊ မာကွင်ဟို့စ်-၃၁ ဒသမ ၄ သန်း၊ ဗာရက်တီ-၁၂ သန်း၊ ပါရီဒက်စ်-၄၀ သန်း၊ ဒီမာရီယာ-၆၃ သန်း၊ ဟွမ်ဘားနက်-၁၅ သန်း၊ ချူပိုမော်တင်း-အလွတ်၊ ဒိုင်ဟာလို-၂၈ သန်း၊ အီကာဒီ-၅၀ သန်း၊ ကူဇာဝါ-၂၂ သန်း၊ ဟာရဲရား-အလွတ်၊ ဒရက်ဇ်လာ-၄၂ သန်း၊ ဘတ်ကာ-အလွတ်၊ ဂိုင်ယီ-၃၂ သန်း၊ ဘူကာ-အလွတ်နဲ့ ဂျေဇု-၂၅ သန်းတို့ပဲဖြစ်ပါတယ်။                                   (SO)






အခြားဆက်စပ်သတင်းများ