နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုသမှုလုပ်ရန်အတွက် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို ဂျာမနီနိုင်ငံသို့ ပို့ဆောင်

ဩဂုတ် ၂၂၊ မော်စကို


အသည်းအသန် နာမကျန်းဖြစ်နေသည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို ကုသမှုလုပ်ရန်အတွက် ဆားဘီးယားနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ နာဗယ်နီမှာ ပြီးခဲ့သည့်ကြာသပတေးနေ့က ရုရှားနိုင်ငံ တွမ့်စ်မြို့မှ မော်စကိုမြို့သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်တွင် အဆိပ်ခပ်ထားသည်ဟု ယူဆရသည့် လက်ဖက်ရည် သောက်ခဲ့ပြီးနောက် ကိုမာ ဖြစ်ခဲ့သည်။ ရုရှားနိုင်ငံ အာဏာပိုင်များက ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု နာဗယ်နီကို ထောက်ခံအားပေးသူများက စွပ်စွဲထားသည်။ နာဗယ်နီမှာ ခရီးသွားနိုင်လောက်သည့် ကျန်းမာရေးအခြေအနေမရှိကြောင်း ယင်းကို ကုသပေးနေသည့် ဆရာဝန်များက ပြီးခဲ့သည့်သောကြာနေ့တွင် ပြောခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် ယင်း၏ကျန်းမာရေးအခြေအနေမှာ လေယာဉ်စီးနိုင်လောက်သည့် အနေအထားအထိ တည်ငြိမ်လာခဲ့သည်ဟု ဆရာဝန်များက ဆိုသည်။ နာဗယ်နီ၏ဇနီး ယူလီယာမှာလည်း ယင်းနှင့်အတူ ဂျာမနီနိုင်ငံသို့ လိုက်ပါခဲ့သည်။ ဂျာမနီနိုင်ငံ၏ အစိုးရမဟုတ်သည့်အဖွဲ့အစည်း(Cinema for Peace)က နာဗယ်နီ၏ လေကြောင်းခရီးစဉ်အတွက် အကုန်အကျခံခဲ့ခြင်းဖြစ်ပြီး ယင်းကို ဘာလင်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နာဗယ်နီအနေဖြင့် ဘာလင်မြို့ရှိ ချာရစ်ဆေးရုံ(Charit' hospital)တွင် ကုသမှုခံယူမည်ဟု ဆိုသည်။ ရုပ်သံမှတ်တမ်းတစ်ခုအရ နာဗယ်နီမှာ လေယာဉ်ပေါ်တွင် နာကျင်မှုဝေဒနာကြောင့် ညည်းတွားနေကြောင်း တွေ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ