နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒါကာမြို့ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ်များကို ဖယ်ရှားပေးရန် ဆီနီဂေါနိုင်ငံ အရာရှိများ တောင်းဆို

ဩဂုတ် ၂၂၊ ဒါကာ


ဒါကာမြို့တွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် အလေးချိန် ၂၇၀၀ တန်ကို ဖယ်ရှားပေးရန် ကုန်ပစ္စည်းပိုင်ရှင်ကို အကြောင်းကြားထားကြောင်း ဆီနီဂေါနိုင်ငံ အရာရှိများက ပြောသည်။ သြဂုတ်လ ၄ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ်တန်ချိန် ၂၇၅၀ နီးပါး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး တစ်မြို့လုံးရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ ဆီနီဂေါနိုင်ငံတွင် အမိုးနီးယန်းနိုက်ထရိတ်များ သိုလှောင်ထားသည့် ဒါကာဆိပ်ကမ်းမှာ လူနေအဆောက်အအုံများအနီးတွင် တည်ရှိသည်။ 

ဒါကာဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ်များမှာ အိမ်နီးချင်း မာလီနိုင်ငံသို့ ပို့ဆောင်ရမည့် အမိုးနီးယားနိုက်ထရိတ်တန်ချိန် ၃၀၅၀ တွင် ပါဝင်သည်ဟု အရာရှိများက ပြောသည်။ လက်ရှိအချိန်တွင် မာလီနိုင်ငံသို့ အမိုးနီးယန်းနိုက်ထရိတ်တန်ချိန် ၃၅၀ သာ တင်ပို့ရသေးပြီး တန်ချိန် ၂၇၀၀ မှာ ဒါကာဆိပ်ကမ်းတွင် ကျန်ရှိနေခြင်းဖြစ်သည်။ ကုန်ပစ္စည်းပိုင်ရှင်အနေဖြင့် အမိုးနီးယန်းနိုက်ထရိတ်များကို ဒါကာမြို့မှ မိုင် ၂၀ ကွာဝေးသည့် ဒိုင်ယန်နီယာဒီယိုမြို့ ဂိုဒေါင်တွင် သိုလှောင်ရန် ဆီနီဂေါအစိုးရက ပြောသည်။ သို့သော် ဒိုင်ယန်နီယာဒီယိုမြို့မှာ အမိုးနီးယန်းနိုက်ထရိတ်များ သိုလှောင်ရန် လိုအပ်သည့် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆီနီဂေါနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခွင့်ပြုပေးခြင်းမရှိသေးပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ