နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်ရုံ၊ အလုပ်ရုံများ ပြန်ဖွင့်ရန် သတ်မှတ်စံနှုန်းစစ်ဆေးဆဲကာလတွင် အလုပ်ဆင်းရန်မလိုဟု ဆို

ရန်ကုန် ဧပြီ ၂၀ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး၏ သတ်မှတ်စံနှုန်းများအတိုင်း လိုက်နာမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ နိုင်ငံနှင့်တစ်ဝှမ်း စက်မှုဇုန်အသီးသီးမှစက်ရုံအလုပ်ရုံများ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဧပြီ ၁၉ ရက် ညနေပိုင်းတွင် အသိပေးထုတ်ပြန်လိုက်ပြီး ယင်းကာလအတွင်း ဖိအားပေးကာ အလုပ်ဆင်းခိုင်းနေသော အလုပ်ရှင်များကို တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ သိရသည်။ "အစိုးရရဲ့ ဒီထုတ်ပြန်ချက်က အဓိကကတော့ COVID-19 ရောဂါ ကူးစက်မှုမမြင့်မားအောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဒီစာရ ရခြင်းမှာ ကျွန်မတို့က သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနက တာဝန် ရှိသူတွေကို မေးတော့သူတို့က ရှင်းပြတယ်။ ဒါကြောင့် ဝန်ကြီးဌာနကိုလည်း အလုပ်သမားတွေအတွက် အခုလို ထုတ်ပြန် ပေးတာကို ကျွန်မတို့အလုပ်သမားသမဂ္ဂတွေအနေနဲ့ အလုပ်သမားတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အလုပ်ရုံနဲ့ ကျမ်းကျင်သူများ ပူးပေါင်းကော်မတီကနေ ဝင်ပြီးစစ်ဆေးမယ်၊ စစ်ဆေးလို့ ကျန်းမာရေး Guide Line တွေနဲ့ ကိုက်ညီတယ်၊ ဒီအပေါ်မှာ ဖွင့်ခွင့်ပြုရင်တော့ အလုပ်သမားတွေက အလုပ် ပြန်ဆင်းရပါမယ်။ ဒါကြောင့် အခုကာလမှာ အလုပ်ရုံတွေ၊ စက်ရုံတွေက ဖွင့်ခွင့်မရှိပါဘူး။ အလုပ်သမားတွေ အနေနဲ့ကလည်း ဆင်းခွင့်မရှိပါဘူး။ ဒါကို ဖိအားပေးပြီး အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို သက်ဆိုင်ရာကိုတိုင်ကြားနိုင်ပါတယ် "ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။ ယခုအခါတွင် အနယ်နယ်အရပ်ရပ်မှ အလုပ်ပြန်လည်ဝင်ရောက်ရန် ရောက်ရှိလာသော အလုပ်သမား များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သောစာကို ရယူကာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာနသို့ အကြောင်းကြားပေးရမည်ဖြစ်ကြောင်း ယခုအချိန်တွင် ဖိအားပေးကာ အလုပ်ဆင်းခိုင်းနေသော အလုပ်ရုံ၊ စက်ရုံများရှိ အလုပ်ရှင်များကို တိုင်ကြားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ သိရသည်။ ထိုစက်ရုံများ၏ စစ်ဆေးမှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာအဖွဲ့များပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ/ ရွှေလင်ပန်း/ ရွှေပြည်သာ/ သာဓုကန်/ ဒဂုံမြို့သစ်(မြောက်ပိုင်း)/ဒဂုံမြို့သစ်(တောင်ပိုင်း)/မြောက်ဥက္ကလာပ/ ရွှေပေါက်ကံနှင့် အခြားမြို့နယ်များရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ/ စားသောက်ကုန် ထုတ်လုပ်ရေးစက်ရုံများ/ကျန်းမာရေးလိုအပ်ချက်များနှင့်ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ/အလုပ်ရုံ/ အလုပ်ဌာနများ/ လုပ်သားဦးရေ ၁၀ဝ၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ/ အခြားစက်ရုံ/အလုပ်ရုံ/ အလုပ်ဌာနများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ စက်ရုံ၊ အလုပ်ရုံ ၊အလုပ်ဌာနများပါဝင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ မင်းခ






အခြားဆက်စပ်သတင်းများ