နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ခန္ဓာသန်စွမ်း စိတ်နှလုံးရွှင်လန်းစေဖို့

ရန်ကုန်   ဩဂုတ်  ၂၂


အသက်အရွယ်ရလာချိန်တွင် လမ်းလျှောက်ခြင်းသည် အသက်ရှည်ဆေးတစ်ရပ်ပင်ဖြစ်သည်။ လမ်းလျှောက် ခြင်းသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီများက ထုတ်ဖော်ပြော ကြားလျက်ရှိသည်။ ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုပိုင်ဆိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်း ပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှုဖြစ်သော လမ်းလျှောက်ခြင်းသည် နာရီ ဝက်ခန့် နေ့စဉ်လမ်းလျှောက်ပေးခြင်းဖြင့် ကြွက်သားများကို သန်မာစေသည်။ အရိုး၊ အဆစ်တို့ကို အားကောင်း စေသည်။   

ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဆောင်ရွက်နိုင်သော အားကစားပစ္စည်း ၄ မျိုးကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်များရှိ ရပ်ကွက်များသို့ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရာတွင် အသုံးပြုရသည့် လက်လှည့်တိုင်၊ လမ်းလျှောက် ခြေနင်းကိရိယာ၊ အဆီချခါးလှည့်ကိရိယာနှင့် ခြေထောက်ပိုင်းလေ့ကျင့်ကိရိယာများ ပါဝင်ပြီး အများပြည်သူများ ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်သည်။ 

မြို့ပြလူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှု များပြားလာသည့်အတွက် စိတ်ထွက်ပေါက်အဖြစ် လမ်းများများလျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများ ပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များ တိုးပွားလာမည်ဖြစ်သည်။ အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက် ပို၍ကိုယ်အလေးချိန် မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှုကို လျော့ကျစေနိုင်သည်။  

သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ရာ သက်ရှည်ကျန်းမာစေရန်အတွက် စောစောထလမ်းလျှောက်ခြင်း အလေ့အထဂရုပြုစေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ